Chapter 73
ဝမ်မင်ယီ ထိုအကြောင်းကို တစ်ညလုံးစဉ်းစားနေခဲ့သည်။မနက်ခင်းသူနိုးလာသောအချိန်တွင်ပင် သူစဉ်းစားနေဆဲဖြစ်သည်။
သို့သော်သူ နည်းလမ်းလေးတစ်ခုတောင်မစဉ်းစားနိုင်ခဲ့။ထို့ကြောင့်သူသိသလိုသာလိုက်ပိုးရန် ဆုံးဖြတ်လိုက်တော့သည်။
ဥပမာအားဖြင့်—သူ့ကိုဂရုစိုက်ပေးခြင်း။
ဝမ်မင်ယီ စားပွဲပေါ်ရှိမနက်စာကိုကြည့်ကာ တူများကို ကောက်ကိုင်လိုက်ပြီး အီကြာကွေးချောင်းအငယ်လေးများကို ညှပ်ကာ သူ့ပန်းကန်ထဲမှယူပြီး စစ်ကျွင်းတောက်ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။
.
စစ်ကျွင်းတောက်က မော့ကြည့်လာသည်။ဝမ်မင်ယီက သူ့ကိုအပြုံးတစ်ပွင့်ပေးလိုက်သည်။
အခြားပေါင်မုန့်တစ်လုံးကိုပါ ထပ်ယူပေးလိုက်ပြီး ခဏမျှစဉ်းစားနေပြီးနောက် သူ့ပန်းကန်ထဲမှ လက်ဖက်ကြက်ဥတစ်လုံးကို စစ်ကျွင်းတောက် အတွက်အခွံခွာပေးလိုက်သည်။"ကောအတွက်"
စစ်ကျွင်းတောက်သည် သူ့လက်ထဲရှိ လက်ဖက်ကြက်ဥကိုကြည့်လိုက်သည်။ သူကလှမ်းယူပြီး
အနည်းငယ်ရှုပ်ထွေးသွားကာ မေးလိုက်သည်။
"မင်းဘာဖြစ်နေတာလဲ ""ကောကို ဂရုစိုက်ပြ နေတာလေ..အာ"
စစ်ကျွင်းတောက် သည် သူ့ပန်းကန်ထဲရှိ မနက်စာကိုတစ်ချက်ကြည့်လိုက်သည်။
"မင်းမကုန် လို့လား...အကုန်လုံးကို ဒီထဲလာထည့်နေတာက"
ဝမ်မင်ယီ: "...."သူကအထင်မှားခံနေရတယ်!ဒါ စစ်ကျွင်းတောက်သူ့အပေါ်ထားတဲ့အမြင် လား။ စမှတ်တောင်မကျော်ရသေးဘဲ ရှုံးနိမ့်တော့မယ်!
"ဒါဆို မစားနဲ့!" ဝမ်မင်ယီကလက်ဖက်ကြက်ဥကို ပြန်ယူရန် လက်လှမ်းလိုက်သည်။
စစ်ကျွင်းတောက်က ရှောင်လိုက်သည်။"ထားပါ။ငါမင်းကို ကူစားပေးမယ်"
" ကျွန်တော်ကောကို တကယ်ဂရုစိုက်လို့ပေးတာနော်!"
ဝမ်မင်ယီကအထူးအလေးပေးပြီးပြောလိုက်သည်။