Chapter 53
နောက်တစ်နေ့တွင် အစ်မကျန်းက ၈နာရီတွင် ထကာ ချက်ပြုတ်ရန်စတင်ခဲ့သည်။ တာ့ပေါင်က ဝမ်မင်ယီ၏ အခန်းတံခါးကို ခေါက်လိုက်စဉ် အစ်မကျန်းက ပြန်ခေါ်လိုက်၏။
"အစားအသောက်တွေအဆင်သင့်ဖြစ်မှ ကောကောတို့ကို သွားခေါ်..."
တာ့ပေါင်က သဘောတူလိုက်ပြီး သူ့အတွက်ကစားဖော်ရှာရန် တစ်ဖက်ခြံကိုပြေးထွက်သွားတော့သည်။
စစ်ကျွင်းတောက်သည် ဝမ်မင်ယီထက် အမြဲလိုလို စောစောထလေ့ရှိသည်။ သူက သူ့နာရီကို ကြည့်လိုက်ပြီးနောက် အိပ်ပျော်နေသည့် ဝမ်မင်ယီကို ကြည့်လိုက်သည်။ ပြီးနောက် ထိုင်ရာမှထပြီး ရေချိုးရန်ပြင်လိုက်သည်။
ဝမ်မင်ယီက မျက်လုံးတွေကိုပွတ်ရင်း မေးလိုက်သည်။
''ဘယ်အချိန်ရှိပြီလဲ''
''ရှစ်နာရီခွဲနေပြီ ''
စစ်ကျွင်းတောက် သူ့ရဲ့ ခွေးနားရွက်လေးကို ထိလိုက်သည်။
'' မင်းနည်းနည်းထပ်အိပ်လိုက်ဦး၊ ငါအပြင်ထွက်ပြီး ကြည့်ကြည့်ဦးမယ်''
ဝမ်မင်ယီ ခေါင်းငြိမ့်လိုက်သည်။
စစ်ကျွင်းတောက်က သူ့ရဲ့အဝတ်အစားတွေကိုလဲပြီးနောက် အပြင်ထွက်လိုက်သည်။ အစ်မကျန်းက ခြံထဲမှာ ဟင်းချက်နေဆဲဖြစ်ကာ သူ့ကိုတွေ့တော့ အပြုံးတစ်ခုဖြင့်ဆိုသည်။
''ထပြီပေါ့''
စစ်ကျွင်းတောက် ခေါင်းညိတ်ပြလိုက်သည်။
''ငါ မင်းတို့အတွက် ရေနွေးကျိုပြီး ဓာတ်ဘူးထဲထည့်ထားတယ် ၊ ဆေးကြောပြီးမနက်စာစားဖို့ ပြင်တော့လေ''
''ကောင်းပါပြီ၊ ကျေးဇူးပါပဲ''
''ရပါတယ်ကွယ်''
ချန်လုက စစ်ကျွင်းတောက် မျက်နှာသစ်သန့်စင်နေတာ မြင်ပြီး ပြောလာသည်။
" ဝမ်မင်ယီ ထပြီလား၊ ကျွန်မတို့ ရုပ်ရှင်ရိုက်ဖို့အတွက် ပြင်ဆင်ရအောင် ၊ ရွာကျောင်းမှာ 9:30အရောက် လူစုရမယ်''
''မထသေးဘူး၊ ငါသူ့ကို ပြီးရင် ခေါ်ခဲ့မယ်''
''ကောင်းပြီ''
![](https://img.wattpad.com/cover/344644058-288-k226949.jpg)