ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

648 86 0
                                    

Chapter  15

ထိုအဖြစ်အပျက်ကို မြင်သည့်အခါ စစ်ကျွင်းတောက်ကသူ့ကို ရင်ခွင်ထဲလျင်မြန်စွာထည့်ပြီး ဖက်ထားလိုက်သည်။ သို့သော် ဝမ်မင်ယီက ဒေါသထွက်ပြီး ကျန်းဇီမော့ကို "မြှောင်" ဟု စိတ်ဆိုးစွာအော်နေသည်။  စစ်ကျွင်းတောက်က လိမ္မော်ရောင်ကြောင်လေး၏ အမွှေးလေးများကို ဖြည်းညှင်းစွာ ပွတ်ပြီး နှစ်သိမ့်နေသည်။
" ဘာမှမဖြစ်ပါဘူး ... သူမင်းကို မထိတော့ဘူးနော် ...လိမ္မာတယ် ..."

ကျန်းဇီမော့ သူ့ရှေ့မှ လိမ္မော်ရောင်ကြောင်လေးကို ကြည့်နေမိသည်။ ထိုကဲ့သို့ ပြင်းထန်စွာတုံ့ပြန်တတ်သည့်ကြောင်မျိုးကို သူမမြင်ဖူးခဲ့ပေ။ လက်ကိုငုံ့ကြည့်လိုက်သည့်အခါ ကုတ်ထားသည့် အစင်းရာသုံးကြောင်းကို မြင်လိုက်ရသည်။ သွေးမထွက်သော်လည်း ပူစပ်စပ်ဖြစ်ပြီး နာနေသည်။

ဝမ်မင်ယီလည်း သူ၏အပြောင်မြောက်ဆုံးလက်ရာကိုကြည့်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ဖဝါးကို လျှာဖြင့်လျက်နေသည်။သို့သော် သူယခုပြုလုပ်လိုက်သည့်အမူအရာကို သတိထားမိသောအခါ ချက်ချင်းပင် အံ့ဩသွားပြန်သည်။
‌ဘာလို့ လက်ဖဝါးကို လျက်နေရပြန်တာလဲ ... သေစမ်း ... လိမ္မော်ရောင်ကြောင်တွေက သူတို့လက်ဖဝါးတွေကို ဘယ်လောက်တောင်လျက်ကြတာလဲ ... မင်းကိုယ့်ဘာသာကိုယ် ထိန်းချုပ်ထားစမ်း ...

ထို့နောက် ဝမ်မင်ယီ လက်ဖဝါးကိုပြန်ချ၍ စစ်ကျွင်းတောက် ရင်ခွင်ထဲကိုမှီနေလိုက်သည်။

ကျန်းဇီမော့၏လက်မှ ခြစ်ရာများကိုကြည့်ကာ စစ်ကျွင်းတောက် သူ့ညီလေးအတွက် ရှင်းပြရတော့သည်။
" တောင်းပန်ပါတယ် ... သူက အဲ့လိုလာထိရင်မကြိုက်ဘူး ... မင်းအခုသူ့ကိုခြောက်သလိုဖြစ်သွားလို့ သူကလှမ်းကုတ်လိုက်တာဖြစ်မယ် ..."

သူပြောပြီးသည့်အခါ လက်ကိုဆန့်ထုတ်ပြီး လိမ္မော်ရောင်ကြောင်လေး၏ လက်ဖဝါးကို သတိပေးသည့်အနေဖြင့် ညှစ်လိုက်သည်။ သို့သော် ကြောင်လက်ဖဝါးလေးက အလွန်နူးညံ့နွေးထွေးကာ ပျော့ပျောင်းနေသောကြောင့် ဖိညှစ်နေမိသည်။ အချိန်အတော်ကြာဖျစ်ညှစ်နေပြီးသည့်နောက် စစ်ကျွင်းတောက် လက်ဖဝါးလေးကို နူးနူးညံ့ညံ့သာ ထိနေတော့သည်။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now