Chapter 61
'ကျွန်တော့်မှာအချိန်မရှိဘူး''
စစ်ကျွင်းတောက်က ပြောလိုက်သည်။
'' သူမလာပြီး လျှောက်ကစားချင်ရင် လင်းမူကို လိုက်ပြခိုင်းလိုက်မယ်၊ မိန်းကလေးအချင်းချင်း ပေါင်းသင်းရလည်းလွယ်တယ်''
''အဲ့ဒါကတူလို့လား...''
ကျိစစ်ယောင်က သူမသားက ဆိုလိုရင်းကို မသိသေးဘူးဟု ခံစားနေရသည်။
" ဒါဆို ဒီအတိုင်းပဲ သတ်မှတ်လိုက်မယ်၊ အချိန်ကျလာရင် မင်း သူမကိုသွားခေါ်လိုက်...''
ဝမ်မင်ယီက သူ့ရဲ့ကြောင်လက်လေးပေါ်တွင် ခေါင်းတင်လိုက်သည်သူ၏ရင်ထဲတွင် တိတ်ဆိတ်သက်ပြင်းချလိုက်ပြီး နားရွက်များကိုလှုပ်ခါလိုက်သည်။ သူငယ်ချင်းတစ်ယောက်ရဲ့သမီးဟုတ်လား! သူမကို သွားတောင်ခေါ်ခိုင်းလိုက်သေးတယ်! ဦးတည်ချက်က မရိုးသားဘူးလို့ ခံစားနေရတယ်!
စစ်ကျွင်းတောက်က ငြင်းနေဆဲဖြစ်သည်။
'' ကျွန်တော်မသွားနိုင်ဘူး၊လင်းမူကိုပဲသွားခေါ်ခိုင်းလိုက်ပါ..."
''လင်းမူ လင်းမူ လင်းမူ၊ အဲ့ဒီလင်းမူရဲ့ အမည်အစစာလုံးက စစ်လား ၊ ဧည့်သည်တွေက အဝေးကနေလာရတာ ၊ ငါတို့က အိမ်ရှင်ကောင်းပီသရမယ်လေ၊ ဒါက မင်းအမြဲတမ်း အခြားလူတွေကိုဆက်ဆံတဲ့ ပုံစံလား...''
စစ်ကျွင်းတောက် ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။
''ကျွန်တော်က အမျိုးသမီးတွေနဲ့ ဆက်ဆံတာရှားတယ်၊ လိုအပ်ရင် လင်းမူမှာ သူတို့နဲ့ ဆက်ဆံဖို့ ယေဘုယျအားဖြင့် တာဝန်ရှိတယ်...''
''အဲ့ဒါဆိုရင် အခုချိန် ဒီကိစ္စအတွက် မင်းမှာ တာဝန်ပိုရှိတာပေါ့...''
ကျိစစ်ယောင်က ဤနောက်ဆုံးစကားလုံးများကို ချန်ထားလိုက်သည်။
''မဟုတ်ရင် မင်းအမြဲတမ်း မိန်းမတွေနဲ့ မဆက်ဆံတော့ဘူးလား၊ အိမ်ထောင်မပြုတော့ဘူးလား....''
စစ်ကျွင်းတောက် ထိုစကားကိုကြားသောအခါ အေးဆေးစွာဖြင့်ဖြေသည်။
''ဖြစ်နိုင်တယ်''
ကျိစစ်ယောင်၏ မျက်လုံးများပြူးကျယ်သွားသည်။
![](https://img.wattpad.com/cover/344644058-288-k226949.jpg)