Chapter 67
ဝမ်မင်ယီ လှေကားပေါ်သို့တက်သွားသည့်ခြေသံဖွဖွများကိုကြားလိုက်ရသည်။ သူနောက်သို့လှည့်ကြည့်လိုက်ရာတွင် ထိုသူမှာစစ်ကျွင်းတောက်ဖြစ်နေသည်ကို သိလိုက်ရ၏။
သူသည် TVရီမုကို စုန့်ရှုဟန်ဆီသို့လှမ်းပေးကာသူမကိုပြောလိုက်သည်။
"မင်းအရင်ကြည့်နှင့် ငါအပေါ်တက်လိုက်ဦးမယ်"
စုန့်ရှုဟန်က ခေါင်းညိတ်ကာဖြေသည်။
"အိုခေ"ဝမ်မင်ယီသည် မတ်တပ်ရပ်ကာ အမြန်လျှောက်လိုက်သည်တွင် မကြာမီပင်စစ်ကျွင်းတောက်ကိုနောက်ဆုံးခြေလှမ်းအနည်းငယ်တွင် မီသွားတော့ သည်။သူသည် စစ်ကျွင်းတောက်၏ပခုံးကိုလှမ်းပုတ်ကာ မကျေမနပ်ဖြင့်ပြောလိုက်၏။
"ကော အခန်းထဲပြန်မှာကို ဘာလို့ကျွန်တော့်ကို မခေါ်တာလဲ"
စစ်ကျွင်းတောက်သည် စိတ်တည်ငြိမ်မှုရသွားပြီဖြစ်ကာ သူ၏ထုံစံအတိုင်းစိတ်ဝင်စားမှာကင်းမဲ့နေသည့်ပုံစံသို့ပြန်ပြောင်းသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ခပ်အေးအေးပင်ဆိုလာ၏။"အဲ့လိုဆိုတော့ မင်း ဟန်ဟန်အနားမှာခဏလောက်ပိုပြီးကြာကြာနေနိုင်တာပေါ့"
ဝမ်မင်ယီသည် စစ်ကျွင်းတောက်က သူဟန်ဟန်ကိုအပြင်ထွက်လည်ရန်ခေါ်သွားရမည်အား သဘောတူလိုက်ရုံလေးကို အပြစ်တင်နေဆဲဟု
ထင်သွားသည်။ သူကရှင်းပြလိုက်သည်။"စိတ်ဆိုးနေတုန်း ပဲလား။စိတ်မဆိုးပါနဲ့ကော...။နောက်ဆုံးကျတော့ကျွန်တော်တို့အကုန်လုံးမသွားဖြစ်
ဘူးမလား""မင်း သူ့ကို အပြင်ခေါ်သွားချင်လား..."
စစ်ကျွင်းတောက် ကသူ့ကိုမေးသည်။
ဝမ်မင်ယီသည် ခဏမျှကြောင်အ နေပြီးမှ အမှန်တိုင်းပြန်ဖြေလိုက်၏
"အဲ့ဒါက ကိစ္စမရှိဘူးလေ။မမျှော်လင့်ဘဲ မွေးစားအမေကအဲ့လိုပြောလာတယ်လေ။ပြီးတော့ သူမကဒီကိုခရီးလည်ပတ်ဖို့အတွက်လာတာလေ။အဲ့ဒါအပြင် သူမက ကျွန်တော့်ဖန်လည်းဖြစ်သေးတယ်။အမှန်ကတော့ ပျော်ရအောင်လို့"
![](https://img.wattpad.com/cover/344644058-288-k226949.jpg)