ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

591 78 0
                                    

Chapter 21

ထရပ်ကားထဲတွင် လဲလျောင်းနေရင်း ဝမ်မင်ယီ၏ခေါင်းထဲတွင် စကားလုံးကြီးတစ်ခုသာရှိသည်။

'သောက်ရှက်ပဲ!'

ဒါဟာ ဘဝမှာအင်မတန်ရှက်စရာအကောင်းဆုံးအခိုက်အတန့်ပဲ!သူကလူတစ်ယောက်ဖြစ်ပြီးခွေးတစ်ကောင်လိုထောင်ဖမ်းခံလိုက်ရတယ်လို့...
ဒါသူ့အိုင်ကျူကိုလုံးဝစော်ကားလိုက်တာ!

ဝမ်မင်ယီတွေးလိုက်သည် ။သူသေပြီးအခေါင်းထဲလှဲရတဲ့အထိကို ဒီကိစ္စကိုဘယ်သူ့ကိုမှအစမဖော်သင့်ဘူးလို့။ ဒါမှမဟုတ်သူသေတဲ့အထိ သူ့အကိုဆီကနေဟားတိုက်ရယ်မောခြင်းကိုခံရလိမ့်မည်။

ဘာပဲဖြစ်ဖြစ်
သူ စစ်ကျွင်းတောက်ကို အိမ်စောစောပြန်ခဲ့မယ်လို့ wechatကနေစာပို့ပြီးသားထင်တာပဲ။ ဒီတော့သူ့အစ်ကိုလည်းအိမ်ကိုစောစောပြန်လာလိမ့်မည်။စစ်ကျွင်းတောက်ပြန်လာရင် ကျောက်စိမ်းနန်းဆောင်နဲ့သလွန်အလွတ်ကြီးကိုသာ မြင်ရပြီး ခွေးကိုတော့ မြင်ရလိမ့်မည်မဟုတ်။

သူ့အကိုတစ်ယောက်ဘာတွေတွေးနေမလဲမသိတော့ပေ။ သူကိုယ်တိုင်လည်းသူ့အကိုအရမ်းကြီးစိတ်ပူမနေဖို့မျှော်လင့်ပါသည်။

ဝမ်မင်ယီသက်ပြင်းချလိုက်သည်။ သူ့နားထဲတွင် အသက်ချမ်းသာရာရဖို့ငိုယိုညည်းညူသံများအဆက်မပြတ်ကြားနေရကာ သူ့စိတ်ကိုရှုပ်ထွေးစေသည်။

ဤကားပေါ်တွင် ပါလာသမျှမှာ ခွေးများသာ။
ထို့အပြင်ခွေးဖမ်းသမားများမှာ သူတို့အား ခွေးသားဟော့ပေါ့အဖြစ်ပြောင်းပြီး ပိုက်ဆံရဖို့ကြံပြီး ဝမ်းသာနေရမှာမဟုတ်ဘူးလား...

တဆိတ်လောက်နော်..
အခုဘယ်သူကငိုနေတာလဲဟ...

သို့သော်သိပ်မကြာပါ။ ဝမ်မင်ယီသည် သူကြားနေရသောငိုသံများမှာ လူများထံမှမဟုတ်ပဲ ခွေးများထံမှဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။

ကမ္ဘာကြီးကဘာတွေဖြစ်နေတာလဲ...
သူကြောင်ကနေခွေးအဖြစ်ပြောင်းလို့ရတာကပဲ များလွန်းနေပြီ။ အခုသူခွေးစကားပါပြောနိုင်ပြီတဲ့လား...

ဟေ့...အင်္ဂလိပ်လို ကိုးရီးယားလို ဂျပန်လို ဂျာမန်လို နားလည်တာဘာများအထင်ကြီးစရာရှိလဲ...
မင်းတို့ခွေးစကားနားလည်လား...

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းTempat cerita menjadi hidup. Temukan sekarang