ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

585 78 0
                                    

အပိုင်း-၂၄

"မင်းရူးသွားပြီလား"
၀မ်မင်ယီကအလန့်တကြားအော်လိုက်သည်။

ပြောရင်းကပင် ၀မ်မင်ယီလည်း ဂျာမန်ခွေး၏ခြေထောက်မှာ ဒဏ်ရာရနေကြောင်းသတိထားမိလိုက်သည်။ မူလစစပြေးနေစဉ်က သူမမြင်လိုက်မိချေ။
သို့သော် ယခုမူရှင်းရှင်းလင်းလင်း မြင်ရချေပြီ။
ထု့နောက်သူသည် တံခါးမဖွင့်ခင် စက္ကန့်ပိုင်းအလိုက လာဘရာဒေါအားပြောလိုက်သော စကားကို ပြန်တွေးမိသွားသည်။

"ငါ့ခြေထောက်မှာ ပြသနာရှိနေတယ်"  သူ့ခြေထောက်မှာ ဒဏ်ရာကြောင့် ဝေးဝေးမပြေးနိုင်မှန်းသိပြီးဖြစ်လိမ့်မည်။ ဒါကြောင့်လည်း လာဘရာဒေါကို ခွေးအုပ်အား ဦးဆောင်ဖို့တာ၀န်လွှဲခဲ့ခြင်းဖြစ်လိမ့်မည်။

၀မ်မင်ယီအံကိုကြိတ်လိုက်ကာ ကားထဲသို့၀င်ရန်ပြင်နေသော ခွေးဖမ်းသမားများထံပြေးသွားနေသည့် ဂျာမန်ခွေးအားကြည့်လိုက်သည်။ ၄င်းမှာ သူ၏အသက်နှင့်ရင်း၍ ခွေးဖမ်းသမားများအား အချိန်ဆွဲပေးချင်နေပုံပေါ်သည်။ ၀မ်မင်ယီမှာ သူ့မျက်လုံးများနီရဲလာသည်ကိုပင်ခံစားမိသည်။ ထို့နောက်သူ့ဘေးမှဟက်စကီးအား...

"မင်းသူတို့နောက်ကလိုက်သွား၊ ခွေးပေါက်လေးတွေကို လမ်းမပျောက်စေနဲ့၊ သူတို့တွေမပြေးနိုင်တော့ဘူးဆိုရင် မင်းကျောပေါ်တင်ပြီးသယ်သွားပေးလိုက်၊ လာလာလေးနောက်ကသေချာလိုက်သွား၊ လမ်းမပျောက်စေနဲ့ နားလည်လား".

ဟက်စကီးက ခေါင်းငြိမ့်လိုက်သည်

"ငါသိပြီ"

'မင်းသိမှပဲရမှာ' ၀မ်မင်ယီစိတ်ထဲမှပြောလိုက်သည်။
'မဟုတ်ရင်မင်း အိမ်တောင်ပြန်ရောက်မှာမဟုတ်ဘူး'

သူ့ကိုလမ်းညွှန်မှုပေးပြီးနောက် ၀မ်မင်ယီလည်းနောက်ကိုလှည့်ကာ တရှိန်ထိုးပြေးတော့သည်။ ဟက်စကီးကအံ့အားသင့်စွာမေးလာခဲ့သည်။

"မင်းဘယ်ကိုသွားမလို့လဲ ဘရို"

ပြောရင်းဆိုရင်း သူ့နောက်ကလိုက်ရန်ပြင်လိုက်သည်။

၀မ်မင်ယီမှာစိတ်မရှည်စွာ" လိုက်မလာနဲ့ ၊ လာလာလေးနောက်ကိုသာလိုက်သွား၊ ငါပြီးမှလိုက်ခဲ့မယ်"

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းKde žijí příběhy. Začni objevovat