ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

523 68 0
                                    

Chapter 55

ဇန်နဝါရီလ၂၂ရက်နေ့ ၊ ည ၇:၃၀ အချိန်တွင် ချန်လီခရိုင်၊ ရှီဝမ်ရွာ၌ ငလျင်တစ်ခု ဖြစ်ပွားခဲ့သည်။

၇:၃၅အချိန်တွင်တော့ တစ်ယောက်ပြီးတစ်ယောက် postများတင်ကာ သူငယ်ချင်းအသိုင်းအဝိုင်းများကို ငလျင်လှုပ်ကြောင်း ပြောဆိုနေကြသည်။

'(အမေရေ ငါသေမှာအရမ်းကြောက်သွားတယ်၊ ငါအိပ်ယာထဲအိပ်နေတုန်း ရုတ်တရက်ကြီး ငါ့ကုတင်ကလှုပ်ခါသွားခဲ့တာ...')

'(ငါရောပဲ၊ ငါTVကြည့်နေရင်းနဲ့ အဆောက်အဦးတွေတုန်ခါနေတာကို ခံစားနေရတယ်')

'(ငလျင်က ဘယ်မှာတုန်း၊ ငါတို့တော့ မခံစားလိုက်ရပါဘူး')

'(ဟုတ်တယ် ငါတို့ရောပဲ ၊ ဘာမှမခံစားလိုက်ရဘူး')

'(ငလျင်က အမှန်တကယ်ကို လှုပ်သွားတာပါ၊ ငါတို့ရပ်ရွာကလူတွေ အားလုံး ခြံထဲရောက်နေကြပြီ၊ သေလောက်အောင် ထိတ်လန့်နေကြတယ်'p

များမကြာမီမှာပင် ငလျင်နှင့်ပက်သက်သည့် သတင်းကို တရားဝင် ထုတ်ပြန်ခဲ့သည်။ငလျင်၏ ပြင်းအားမှာ ၆.၃ရှိသည်။ ကံကောင်းထောက်မစွာပင် ငလျင်၏အရင်းအမြစ်သည် အတော်လေးတိမ်သောကြောင့် ငလျင်ဒဏ်ခံရသည့်ဧရိယာ ကျယ်ဝန်းခြင်းမရှိချေ။ ပြည်နယ်နှင့်မြို့များက ထိခိုက်မှုနည်းခဲ့သော်လည်း အဓိကငလျင်ဗဟိုချက်နေရာကတော့ အပျက်အစီးနှင့်ထိခိုက်မှုများခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး အိမ်အများအပြား ပြိုကျခဲ့သည်။အစိုးရက အရေးပေါ် ကယ်ဆယ်မှုများ စတင်ဆောင်ရွက်နေသည်။

မိုဘိုင်းဖုန်းကတဆင့် ငလျင်အကြောင်း အကြောင်းကြားစာ ရရှိချိန်၌ စစ်ကျွင်းတောက်သည် အစည်းအဝေးအပြီးတွင်  ဝမ်မင်ယီကို ဆက်သွယ်ကာ ယနေ့ရိုက်ကူးရေးက ဘယ်လိုလဲဟုမေးရန်ပြင်ဆင်နေချိန်ဖြစ်သည်။

ငလျင်၏ တည်နေရာကိုမြင်ပြီးသောအခါ သူက တုန်တုန်ယင်ယင်နှင့် ဝမ်မင်ယီကို ဖုန်းခေါ်ခဲ့သော်လည်း မည်သူကမှပြန်မဖြေခဲ့ပေ။

စစ်ကျွင်းတောက်က wechatမှ voice call ၊ video callခေါ်ဆိုမှုများနှင့် မက်ဆေ့များပို့ခဲ့သော်လည်း ဝမ်မင်ယီက တစ်ခုကိုမှ ပြန်၍အကြောင်းမပြန်ခဲ့ပေ။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now