ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

553 66 0
                                    

Chapter 87

ဝမ်မင်ယီ   ထိုဟာကိုကြည့်ပြီး အိုခေတယ်ဟု တွေးမိသည်။  သူက စစ်ကျွင်းတောက်ကို "ကျွန် တော်သရုပ်ဆောင်တာ ဘယ်လိုနေ လဲ"ဟု မေးလိုက်၏။

စစ်ကျွင်းတောက်က လိမ္မော်သီးကို တစ်စိတ်စိတ်ပြီး သူ့ကို တစ်ခု ကျွေးကာ မေးလာသည်။
"မင်းရဲ့ ပင်ကိုပုံစံနဲ့ သရုပ်ဆောင်နေတာ မလား"

"ဘယ်ဟုတ်မလဲ!"
ဝမ်မင်ယီ ငြင်းဆန်လိုက်၏။
"ကျွန်တော်က ဂီတရေကန်လောက်မတုံးဘူး"

စစ်ကျွင်းတောက်က သူ့ကိုစောင်းကြည့်လိုက်ပြီး
ဘာထပ်မပြောလာခဲ့။

ဝမ်မင်ယီ ရှော့ရသွားပြီး
"ကော ဘယ်လိုပုံစံနဲ့လာကြည့်တာလဲ...ကျွန်တော်က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပထမရထားတာပါနော်...အိုခေ!"

စစ်ကျွင်းတောက်က ဝတ်ကျေတမ်းကျေ ခေါင်းညိတ်ပြကာ 
"အင်းပါ...အင်းပါ"

ဝမ်မင်ယီ  အတော်လေးစိတ်ဆိုးမာန်ဆိုးဖြစ်သွားပြီး သူ့ပေါင်ပေါ်တက်ထိုင်လိုက်ကာ
"ကော ကျွန်တော့်ကို ဝတ္တရားအရပြန်ဖြေနေတာပဲ!"

စစ်ကျွင်းတောက်က စားပွဲပေါ်ရှိ လိမ္မော်သီးကို ကောက်ယူပြီး သူ့ကိုကျွေးလိုက်၏။
"မဟုတ်ပါဘူးကွာ"

"အသိသာကြီးကို ဟုတ်တယ် "

စစ်ကျွင်းတောက်  လိမ္မော်သီးကို သူ့ပါးစပ်နားသို့ တေ့ပေးလိုက်ကာ...

  "လိမ္မာတယ်... လိမ္မာမော်သီးစားလိုက်"

ဝမ်မင်ယီ စိတ်တိုတိုဖြင့် အားထည့် ကိုက်လိုက်ရာ လိမ္မော်ရည်များ စစ်ကျွင်းတောက်၏ လက်ထဲသို့ စီးကျသွားလေ သည်။

စစ်ကျွင်းတောက်သည် တစ်ရှုးအစိုများဆွဲယူကာ သူ့လက်ကို သုတ်လိုက်သည်။

ဝမ်မင်ယီ  သူခေါင်းငုံ့ကာ လက်ကို သုတ်နေသည်ကို ကြည့်နေရင်း ရုတ်တရက် တိုးမှီလိုက်ကာ  သူ၏လည်ပင်းကို လက်မောင်းများဖြင့်  ဖက်တွယ်လိုက်လေ၏။

စစ်ကျွင်းတောက်က သူ့ကို စနိုးစနောင့်ဖြင့် မော့ကြည့်ကာမေးလိုက်သည်။
"မင်းဘာလုပ်နေတာလဲ"

ဝမ်မင်ယီက အပြစ်ကင်းသည့်ဟန်ဖြင့်ကြည့်လာ၏။
"ဘာမှ မလုပ်ဘူး"

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now