ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

540 65 0
                                    

Chapter 89

"ဝမ်မင်ယီလိုလူမျိုးက ဖန်တွေရှိမယ်လို့ ငါမထင်ထားရုံပါ...ငါသိတဲ့ ရိုက်ကူးရေးမှာစိတ်နှစ်ပြီးအလေးထားတဲ့ လူတွေအများကြီးထက်တောင် ဖန်ပိုများတယ်"

"အဲဒါက လူတိုင်းက သူ့ရဲ့ စရိုက်အမှန်ကို မသိလို့ပါ" ဝမ်ပေါ်က အမြန်ပြောလိုက်သည်။

ကျန်းဇီမော့က  မခံချိမခံသာဖြင့် စိတ်ဆိုးမာန်ဆိုး
အထွန့်တက်လိုက်၏။

"သူကမြင်နေရသလိုမဟုတ်ဘဲ တကယ်တမ်းကျ  တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူတစ်ယောက်လို့တောင် အင်တာနက်မှာ ငါ ပြောခဲ့ဖူးတယ်...ရလဒ်အနေနဲ့ သူတို့က မယုံရုံတင်မကဘူး... ငါ့ကိုလည်း ဆဲဆိုကြိမ်းမောင်းခဲ့ကြတယ် !"

"မင်းကို ဆဲကြတာလား"

ဝမ်ပေါ်က ချက်ချင်းသူ့အသံကိုမြင့်ကာ  "ဘယ်သူပြောတာလဲ... ကိုယ် သူတို့ကို အခုချက်ချင်း တစ်ယောက်ယောက်ကို သင်ခန်းစာပေးခိုင်းလိုက်မယ်"

"မင်း သူတို့ကို သင်ခန်းစာပေးရင်တောင် ဘာအသုံးဝင်မှာမို့လဲ...ငါ ဝမ်မင်ယီကို ဝေဖန်ထားတာကြောင့် တခြားလူတွေက ငါ့ကို ကဲ့ရဲ့ကြဦးမှာပဲ...သူ့မှာ ဖန်တွေ အများကြီးရှိတယ်... အဲဒီဖန်တွေက စဉ်းစားချင့်ချိန်တတ်ကြတာမဟုတ်ဘူး... သူတို့က ငါဝမ်မင်ယီကို စွပ်စွဲနေတယ်ပဲထင်နေကြတာ...ဒါပေမဲ့ အသိသာကြီးကို ငါပြောတာက အမှန်တရားတွေဥစ္စာ"

"ရှောင်မော့... စိတ်မဆိုးပါနဲ့...ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ်အဖြေရှာပါ့မယ်"

"မဖြစ်နိုင်ဘူး "

ကျန်းဇီမော့က ပြောလိုက်သည်။

"ငါက  သာမန်အင်တာနက်သုံးစွဲသူတစ်ယောက်ပါ...သူ... သူက နာမည်ကြီးတစ်ယောက်... 
တခြားသူတွေငါ့ကို မြင်ပြီးယုံကြည်နိုင်လောက်မဲ့အနေအထားငါ့မှာမရှိဘူး... တခြားသူတွေငါ့ကို မြင်ပြီးယုံကြည်လာစေ ဖို့ ငါသူ့လိုမျိုးတူညီတဲ့ အနေအထားတစ်ခုမှာ ရပ်တည်ဖို့ပဲရှိတော့တယ်"

"မင်းဘာကို ဆိုလိုတာလဲ" 

ဝမ်ပေါ် သူ့ကိုမေးလာ၏။
ကျန်းဇီမော့က သူ့ကိုကြည့်ရင်း နောက်ဆုံးတွင်  သူ့ရဲ့ရည်ရွယ်ချက်ကိုထုတ်ပြောလိုက်သည်။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now