ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

553 65 0
                                    

Chapter 72

စုန်ရှုဟန်သည် အပြင်ထွက်ရန် သူမ၏အဝတ်အစားများကို လဲပြီးနေပြီဖြစ်ကာ သူတံခါးဖွင့်လိုက်သည်ကိုမြင်သည်နှင့် တံခါးနားတွင် ရပ်လျက်သူ့ကိုပြုံးပြလာသည်။

"ကျွန်မအပြင်ထွက်တော့မလို့..အိမ်ထဲမှာ တခြားဘယ်သူမှလည်းမရှိတော့ ရှင်စိတ်ပူနေမှာစိုးလို့ ရှင့်ကိုလာပြောတာ။ကျွန်မ ဝမ်မင်ယီ ကိုပြောချင်ပေမဲ့ သူကသူ့အခန်းထဲမှာမရှိတော့ ရှင့်ကိုလာနှောက်ယှက်လိုက်ရတယ်။ဒီအတွက်တောင်းပန်ပါတယ်"

"ရပါတယ်..."

စစ်ကျွင်းတောက်မေး ကြည့်လိုက်သည်။

"လီယွမ်ချင်းနဲ့သွားမှာလား"

စုန့်ရှုဟန်က ခေါင်း ညိတ်ပြလိုက်၏။

"သူက အိမ်ပေါက်ဝမှာရောက်နေပြီ..အခုလေးတင်ကျွန်မကို လှမ်းခေါ်နေတာ"

"ဒါဆို.. နှစ်ယောက်သား ပျော်ခဲ့ကြပါ။ မနေ့ကလိုပဲ...လီယွမ်ချင်းကို9နာရီ မတိုင်ခင် ပြန်ပို့ခိုင်းလိုက်"

"အင်း"

စုန့်ရှုဟန်က သူ့ကိုကြည့်လိုက်ရင်း ခဏမျှစဉ်းစား
နေပြီး တောင်းပန်လာသည်။

"တရုတ်နှစ်သစ်ကူးအတွင်းမှာ ရှင့်အိမ်ကို အပြင်လူတစ်ယောက် ရုတ်တရတ် ရောက်လာပြီးတော့ ရှင့်မိဘတွေက လည်း သူ့ကိုကိုယ်တိုင် လိုက်ပို့ခိုင်းတယ်။ ဒီလိုကိစ္စမျိူးက တကယ်ကို  စိတ်ချမ်းမြေ့ စရာမကောင်းဘူးလေ။ဒီအတွက် ကျွန်မ တောင်းပန်ပါတယ် ။
ရှင့်ရဲ့နေ့စဉ်ဘဝကိုလဲ သေချာပေါက်သက်ရောက်မိစေခဲ့မှာပဲ။ ဒါပေမဲ့ ကျွန်မ အကြာကြီး မနေပါဘူး ။နှစ်ရက်ကြာရင် ကျွန်မထွက်သွားမှာပါ။"

"ကျွန်မရဲ့ဗီဇက ကျွန်မမိဘတွေနဲ့စိတ်သဘောထားချင်း မတူညီဘူး။ တကယ်တမ်းကျတော့..ကျွန်မအဒေါ်ကိုလည်း  သူဧည့်ဝတ်မကျေတာကိုထောက်ပြပြီး အပြင်ထွက်ပြီးတစ်ယောက်ထဲလည်ချင်တယ်လို့ပြောခဲ့ပေမဲ့ ကျွန်မအဒေါ်က  မသင့်တော်ဘူးထင်ပုံရတယ်။ကျွန်မလည်း သူ့ကိုအရှက်မရစေချင်တာနဲ့ ဒီကိုပြောင်းလာလိုက်တာ"

"တကယ်လို့ ကျွန်မရောက်လာတာက ရှင့်ကို လွန်ခဲ့တဲ့နှစ်ရက်အတွင်းမှာ စိတ်အဆင်မပြေ
ဖြစ်စေခဲ့တယ်ဆိုရင် ကျွန်မရဲ့အမှားပါပဲ။ကျွန်မတောင်းပန်ပါတယ်..ပြီးတော့ ရှင့်ကိုမထိခိုက်မိစေဖို့မျှော်လင့်ပါတယ်"

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now