Chapter 7
"ကျွန်တော် ကောကော စကားကို နားထောင်လိုက်မယ်..."
ဝမ်မင်ယီ ရိုးသားတဲ့ဖိုးသခွား မျက်နှာလေးနဲ့သဘောတူလိုက်သည်။
စစ်ကျွင်းတောက် အံဩစွာနဲ့ မျက်ခုံးပင့်လိုက်မိ၏။နောက်ဆုံးတစ်ခေါက် ဝမ်မင်ယီ ဒီလိုပြောတာကို သူကြားခဲ့တာ လွန်ခဲ့လေးနှစ်လားငါးနှစ်လားမသိတော့ပေ။စစ်ကျွင်းတောက် သူ့ကို ဝမ်မင်ယီ ဒီလိုထပ်ပြောတာကို သူ့ဘဝမှာ ကြားရသေးတယ်ဆိုတာကို မယုံကြည်နိုင်ဖြစ်နေမိသည်။
ဒါကဝမ်မင်ယီအခုလေးတင် ခွေးအဖြစ်ပြောင်းသွားလို့ ကြောင်သွားတာ လို့တောင် ထင်လိုက်မိသည်။သူစိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်သည်။
"မင်းသာ ဒီလို အမြဲလိမ္မာနိုင်ရင် သိပ်ကောင်းမှာပဲ..."
"ဒါဆိုရင် ကျွန်တော် အမြဲလိမ္မာပါ့မယ်... အပြန်အလှန်အနေနဲ့ ကောကောလည်းကျန်းဇီမော့ကိုအဖတ်မလုပ်နဲ့နာ် အဆင်ပြေလား..."
စစ်ကျွင်းတောက် ဘာမှပြန်မပြောသောကြောင့် ဝမ်မင်ယီ ဒေါသထွက်သွားလေသည်။
"ခင်ဗျားကြီးက ကျွန်တော်ခင်ဗျားကြီးကို စိတ်မဆိုးဆိုးအောင်လုပ်နေတာပဲ ခင်ဗျားကြီးက လိမ္မာ
တဲ့ကျွန်တော်နဲ့ မတန်ဘူး စိတ်တိုတတ်တဲ့ကျွန်တော်နဲ့ပဲတန်တယ်..."ဝမ်မင်ယီ စောင်ကိုဖယ်၍ မွေ့ရာပေါ်ကဆင်းလိုက်သည်။မထွက်ခင်မှာလည်းဟွန့် ဆိုပြီး နှာမှုတ်ဖို့ကိုလည်း မေ့မသွားခဲ့ပေ။
စစ်ကျွင်းတောက် ကူရာကယ်ရာမဲ့ ဖြစ်သွားခဲ့သည်။သူ ဝမ်မင်ယီ ဘာလို့ကျန်းဇီမော့ကိုအဲ့ဒီလောက်မုန်းနေတာလဲ ဆိုတာကို တကယ်နားမလည်နိုင် ဖြစ်နေမိသည်။
"သူတို့နှစ်ယောက်က သိပ်လည်းမဆက်ဆံဖြစ်တာကို ဘယ်လိုလုပ်ကြီးမားတဲ့မုန်းတီးမှုက ရှိနိုင်ရတာလဲ..."
သူထလိုက်ပြီးတော့ ဝမ်မင်ယီ ရဲ့အိပ်ခန်းဘက်ကို လျှောက်သွားလိုက်သည်။ရေကျသံကြားလိုက်သောကြောင့် ဝမ်မင်ယီရေချိုးနေမှန်း သူသိလိုက်သည်။သူမွေ့ရာပေါ်မှာ ထိုင်လိုက်ပြီးတော့ ခဏစောင့်နေလိုက်သည်။ဝမ်မင်ယီရဲ့ ဖုန်းသံကြားချိန် သူ screenကို ကြည့်လိုက်ရာ ယန်ကျဲ လို့ခေါ်တဲ့တစ်ယောက်က we chat က စာ ပို့ထားတာကိုမြင်လိုက်ရသည်။
![](https://img.wattpad.com/cover/344644058-288-k226949.jpg)