ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

579 76 1
                                    

Chapter 124
(Extra 10)

သူနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဒူးထောက်ချကာ သူပြင်ဆင်ထားပါသော လက်စွပ်ကိုထုတ်လိုက်သည်။

ဝမ်မင်ယီက သူ့ကိုစိတ်ကျေနပ်စွာကြည့်ပြီး ပျော်ရွှင်မှုတို့ပြည့်နေသော မျက်လုံးများဖြင့် ကြည့်လေသည်။

"ကိုယ်အရင်က ကတိပေးဖူးတယ်လေ.. မင်းလက်ထပ်ဖို့ တရားဝင်အသက်ပြည့်တဲ့နေ့ကြရင် လက်ထပ်ပါ့မယ်ဆိုတာ... ဒီတော့ ကိုယ့်ကိုလက်ထပ်နိုင်မလား...."
စစ်ကျွင်းတောက်က ငြင်သာစွာပြောလိုက်သည်။

ဝမ်မင်ယီက စိတ်လှုပ်တရှားခေါင်းငြိမ့်လိုက်သည်။
"လက်ထပ်ပါ့မယ်...."

သူလက်စွပ်ဘူးကိုယူပြီး လက်စွပ်အသေးကိုစစ်ကျွင်းတောက်ကိုပေးလိုက်ပြီး လက်စွပ်အကြီးကို စစ်ကျွင်းတောက်လက်ကိုစွပ်ပေးလိုက်သည်။

"ထတော့...."
ဝမ်မင်ယီက သူ့ကိုဆွဲထူလေသည်။

စစ်ကျွင်းတောက်က သူ့၏ဘယ်ဘက်လက်လေးကိုဆွဲကာ လက်စွပ်စွပ်ပေးလိုက်ပြီး လက်ဖမိုးလေးကို နမ်းလိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူက လက်ထပ်ခွင့်တောင်းရန်နေရာမျိုးစုံကို တွေးဖူးသည်။ နိုင်ငံခြားတွင်၊ ပင်လယ်တွင်၊ တောင်တန်းများဘေးတွင် နေရာစုံကိုတွေးကြည့်သော်လည်း နောက်ဆုံးတွင် သူ့အိမ်သူသာ ရွေးချယ်လိုက်သည်။

ဝမ်မင်ယီနှင့်သူ့အတွက် ဤနေရာက အရာရာတိုင်းကို အစပြုခဲ့သော နေရာဖြစ်သည်။ ဤနေရာတွင် စတင်တွေ့ခဲ့သည်။ ဤနေရာတွင် အတူတူဆော့ကစားခဲ့သည်။ ဤနေရာတွင် အေးအတူပူအမျှအတူနေခဲ့သည်။

သူတို့ နေရာတိုင်းကိုသွားခဲ့ပြီး လူပေါင်းစုံနှင့်ကြုံခဲ့ပါသော်လည်း နောက်ဆုံးတွင် သူတို့ကြီးပြင်းရာ အိမ်ကိုပြန်ရောက်လာကြသည်။

သူတို့အတွက် ဤနေရာမှလွဲ၍ သင့်တော်သောနေရာမရှိပေ။ ဝမ်မင်ယီက ဤနေရာမှ တစ်ကြိမ်ထွက်ခွာဖူးသည်။ သူလည်း ထွက်ခွာကာ သူ့နှလုံးသားကို ဖုံးကွယ်ဖူးပါသော်လည်း နောက်ဆုံးတွင် ဤနေရာကိုသာ ပြန်လာခဲ့ရသည်။

ဤနေရာတွင် လူပေါင်းများစွာနှင့်ကြုံခဲ့ရပြီး သူတို့၏ခံစားချက်များစွာကိုလည်း ဖလှယ်ခဲ့ကြဖူးသည်။ ထို့ကြောင့် စစ်ကျွင်းတောက်က သူနှင့်ဝမ်မင်ယီတို့နှင့် သက်ဆိုင်သော ဤနေရာတွင် လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now