ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

626 75 0
                                    

အပိုင်း-၂၅

၀မ်မင်ယီကုန်ကားထဲမှထွက်လာသည်နှင့် လူအုပ်ထဲမှ စစ်ကျွင်းတောက်ကိုလှမ်းမြင်လိုက်ရသည်။ သူလှမ်းခေါ်တော့မလို့ပဲ။ သို့သော် သူ့ရှေ့မှခွေးအုပ်ကြီးမှာ လမ်းဖယ်ပေးရန်အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။

၀မ်မင်ယီက လက်ခုပ်တီးလျက် ခွေးများကိုခေါ်လိုက်သော်လည်း ဟက်စကီးတစ်ကောင်မှလွဲ၍ ကျန်ခွေးများမှာလှည့်ပင်မကြည့်ချေ။ သူကအသံကျယ်ကျယ်ဖြင့် ဟက်စကီးအားအော်ပြောလိုက်ရုံသာတတ်နိုင်သည်။

"Garden baby"

သူသုံးကြိမ်ခန့်အော်လိုက်ပြီးနောက် ခွေးများမှာအနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။
ခွေးများကသူအားလှည့်ကြည့်လာပြီး ခေါင်းငုံ့လျက်တီးတိုးပြောကုန်ကြသည်။

"ဒီလူများလား။ သူကအချက်ပြကုဒ်ကိုအော်လ်ုက်တယ်။ အကိုကြီးကဒီလူကိုတွေ့ရင်သူ့နောက်ကလိုက်ဖို့ပြောခဲ့တယ်မလား"

ခွေးညိုလေးနှင့် လာဘရာဒေါကအပြန်အလှန်မေးခွန်းထုတ်လိုက်ကြသည်။

လာဘရာဒေါကတွန့်ဆုတ်နေမိစဉ် ကုန်ကားပေါ်မှ ဂျာမန်ခွေးက ခုန်ချလာသည်ကိုတွေ့လိုက်ရသည်။
ထို့နောက် သူကနှစ်ကြိမ်ခန့်ဟောင်လျက်'ဒီကိုလာ'ဟုခေါ်လိုက်သည်။ ဒီတော့မှ ခွေးအုပ်လည်းချက်ချင်းဆိုသလိုပြေးလာကြကာ တစ်ကောင်ပြီးတစ်ကောင်ဆိုသလို ဂျာမန်ခွေးနဲ့၀မ်မင်ယီကိုဝိုင်းလိုက်ကြတော့သည်။

ခွေးပေါက်လေးများက ၀မ်မင်ယီအနားကိုကပ်လျက်အနံ့ခံကြည့်သည်။ ထို့နောက်သူ့ဘော်ဒါများအားပြောလိုက်သည်။ " သူ့ဆီက ခွေးနတ်ဘုရားရဲ့အနံ့ရတယ်"

ချီဟွားဟွားမလေးကမူ စိတ်ပူနေဆဲဖြစ်ပုံပင်။

"ဒါဆိုခွေးနတ်ဘုရားကရော၊ သူဘာလို့ဒီမှာမရှိတာလဲ"

ဂျာမန်ခွေးကြီးက ရှင်းပြလာသည်။
"သူကပြောတယ်။ ဟက်စကီးလေးက ဒဏ်ရာရနေလို့ဆေးရုံကိုအရင်ပို့ပေးလိုက်တယ်တဲ့။"

ချီဟွားဟွားလေးမှာငိုသံဖြင့်
"ဒဏ်ရာအရမ်းများလား။ ဝူး ဝူး ဝူး"

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now