Chapter 93
"အဲ့လို မဟုတ်ပါဘူးကွာ"
စစ်ကျွင်းတောက် သူ့ကို နမ်းကာ နှစ်သိမ့် စကားဆိုလိုက်၏။
"မင်းအခုကောကို တကယ်သဘောကျမှန်း ကောသိတာပေါ့... မင်းနည်းနည်းပိုအသက်ကြီးလာလို့ လူတွေအများကြီးအများကြီးနဲ့တွေ့ကြုံလာခဲ့ရင်... မင်းအပေါ်မှာကောင်းကောင်းဆက်ဆံပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ လူတွေနဲ့တွေ့လာခဲ့ရင် ကောက မင်းအစ်ကိုဖြစ်နေတုန်းဆိုရင်ပိုကောင်းဦးမယ်လို့ မင်းတွေးမိမှာကိုပဲ ကောစိတ်ပူတာပါ...နောက်ပြီးတော့ မင်းက ယောက်ျားလေးတွေကို မကြိုက်ဘူးလေ "
"အဲ့တော့ မင်းအနာဂတ်မှာ တခြားကောင်လေးတွေနဲ့ တွေ့ရင်တွေ့လိမ့်မယ်...အဲ့အချိန်ကျရင် ကောက မာနကြီးပြီး ယုတ္တိမဲ့တယ်လို့ မင်းထင်သွားဦးမှာ...ပြီးတော့ မင်းတခြားလူတွေကို ပိုသဘောကျလာလိမ့်မယ် "
ဝမ်မင်ယီက မကျေမနပ်ဖြစ်စွာဖြင့်
"ကောကျွန်တော့်ကို နည်းနည်းလောက် ယုံကြည်ပေးလို့မရဘူးလား"စစ်ကျွင်းတောက် ခေါင်းညိတ်ပြကာ သူ့ချစ်သူပေါက်စလေးကို ချော့မော့လိုက်လေသည်။
" အိုခေ... ကော မင်းကို ယုံတယ်"
ဝမ်မင်ယီ၏နှုတ်ခမ်းလေးများ ကွေးတက်သွားခဲ့ပြီး... "ကောကိုကျွန်တော် အခုမှ ရုတ်တရက် ထပြီးကြိုက်တာမဟုတ်ဘူး သိရဲ့လား...ကျွန်တော် အဲ့ဒါကိုအချိန်အကြာကြီး သေသေချာချာ စဉ်းစားနေခဲ့တာ...ကျွန်တော် ကောနဲ့မခွဲချင်သလို စိမ်းကားလည်းမသွားချင်ဘူး...ကျွန်တော်က တစ်ဘဝလုံး ကောရဲ့ညီလေးတစ်ယောက်ပဲဖြစ်နေမယ်ဆိုရင် ကောနဲ့ အမြဲလိုလိုခွဲနေရမှာ... ကောရဲ့ချစ်သူဖြစ်သွားပြီဆိုရင်ကျ ကျွန်တော်တို့ အချိန်ပြည့် အတူတူမခွဲရှိနေရတော့မှာဗျ...."
"ကျွန်တော် ကောနဲ့ တစ်ချိန်လုံး အတူရှိချင်တယ်...ကျွန်တော်တို့က ဘဝတစ်လျောက်လုံး အတူတူရှိနေခဲ့ကြတာမို့ အနာဂါတ်မှာလည်း ထာဝရအတူတူရှိနေရမှာပဲ"
ထိုစကားပြောချိန်တွင် ဝမ်မင်ယီ အနည်းငယ်ရှက်ရွံ့နေခဲ့သော်လည်း သူ၏မျက်လုံးများကမူ
အင်မတိအင်မတန် တောက်ပနေခဲ့ပါ၏။
![](https://img.wattpad.com/cover/344644058-288-k226949.jpg)