ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

536 69 0
                                    

Chapter 96

နောက်ဆုံးတွင် ဒါရိုက်တာက သူ၏ကိုယ်ပိုင်အဆက်အသွယ်များနှင့် ယခင်က အလုပ်လုပ်ခဲ့ဖူးသည့် သရုပ်ဆောင်တစ်ယောက်ကိုဆက်သွယ်ကာ ညတွင်းချင်း သူ့အခန်းများကို ရိုက်ကူးရန် ရိုက်ကွင်းဆီသို့လာခိုင်းရသည်။

သူ၏အေးဂျင့်၏ ပြောစကားကိုကြားပြီးသည့်အခါ ခန်းကျယ်က ဘာမှမပြောနိုင်တော့ပဲ ခေါင်းသာခါလိုက်မိသည်။

" ရိုက်ကူးရေးစတာ နှစ်ရက်ပဲရှိသေးတာကို ထပ်ပြောင်းပြန်ပြီ ... ဒီရိုက်ကူးရေးအဖွဲ့က တော်တော်ပြဿနာရှုပ်တာပဲ ..."

" အဆင်ပြေပါတယ် ပြောင်းထားတဲ့သူကို ကျွန်တော်တွေ့ပြီးပြီ ... ကျွန်တော်အရင်က ဒါရိုက်တာလီနဲ့တူတူအလုပ်လုပ်ဖူးတယ် ... သရုပ်ဆောင်တွေကိုသူက လူတော်တွေကိုပဲ ရွေးတာ ခန်းကျဲရဲ့အချိန်တွေ အလဟဿ မဖြစ်ပါဘူး ..."

"ဒါတော့ ဟုတ်ပါတယ် ..."

ခန်းကျယ် ခေါင်းငြိမ့်လိုက်သည်။ သို့သော် ကျန်းဇီမော့က သူများနေရာလုယူထားပြီး နှစ်ရက်အတွင်း နှင်ထုတ်ခံလိုက်ရသဖြင့် ဟာသတစ်ခုကဲ့သို့ဖြစ်နေသည်။

နောက်စနေနေ့ သရုပ်ဆောင်အသစ်များ အဖွဲ့ထဲရောက်လာသည့်အခါ တရားဝင်ဘလော့ဂါက ဆင်ခြေတစ်ခုရှာပြီး ချန်ဖေးက ချင်ခယ့်နေရာတွင် သရုပ်ဆောင်မည်ဖြစ်ကြောင်း microblogပေါ်တွင် တင်ခဲ့သည်။ ပရိသတ်များက တတိယမြောက်သရုပ်ဆောင်ကိုတွေ့ပြီးသည့်အခါ အဘယ့်ကြောင်းပြောင်းသွားပြန်သည်ကို သိချင်နေကြသည်။

( ကျန်းဇီမော့က ဘာဖြစ်သွားတာလဲ သူမပါတော့ဘူးလား )

( အဲ့လိုပဲဖြစ်မယ် ကျန်းဇီမော့က ကျန်းမာရေးမကောင်းလို့ ချန်ဖေးကိုအစားထိုးလိုက်တာပေါ့ )

( ကျန်းမာရေးမကောင်းဘူးဆိုတာ ဆင်ခြေပဲနေမှာပေါ့ ... သူသာ တကယ်နေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် ငွေပေးပြီး သူများဇာတ်ကောင်ကို လုယူမယ်တဲ့လား ... ဒီရက်ပိုင်း လိုင်းပေါ်မှာ မကျေနပ်တဲ့လူတွေများနေလို့ ရိုက်ကူးရေးအဖွဲ့က လူပြောင်းလိုက်တာပဲနေမှာ ..."

( ရိုက်ကူးရေးအဖွဲ့က မကျေနပ်တဲ့လူတွေရှိရုံနဲ့တော့ ပြောင်းပစ်မယ်မထင်ဘူး ... သူ့ကို နောက်ကွယ်ကပံ့ပိုးနေတဲ့လူက သဘောမကျတော့လို့ ကန်ထုတ်လိုက်တာဖြစ်မယ် )

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now