Chapter 108
စစ်ကျွင်းတောက် အသက်ပြင်းပြင်းရှုပြီး မီးဖွင့်လိုက်သည့်အခါ ဝမ်မင်ယီက သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
သူ့လက်များကတုန်ယင်နေဆဲဖြစ်ပြီး ထိုလက်ချောင်းများဖြင့် ဝမ်မင်ယီ၏ပါးကို ထိလိုက်သည်။ ၎င်း၏ နူးညံ့ပျော့ပျောင်းသော အထိအတွေ့ကြောင့် စစ်ကျွင်းတောက်ရင်ထဲ စိတ်အေးသွားရသည်။
သူ ကုတင်ပေါ်တွင် လှဲလ်ုက်ပြီး ဝမ်မင်ယီကိုရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။ ဝမ်မင်ယီက သူ၏အပြုအမူကို သတိထားမိသွားပုံရပြီး အိပ်ရာမှနိုးလာသည်။
" ကောကော ..."စစ်ကျွင်းတောက်က အသံတိုးတိုးလေးဖြင့် ပြန်ထူးလိုက်ပြီး သူ့ကိုဖက်ထားကာ ပါးပြင်ကို အဆက်မပြတ်နမ်းနေသည်။
အိမ်မက်ထဲမှ မြင်ကွင်းများကို သူ့စိတ်ထဲမှ မထုတ်နိုင်သေးပေ။ ထိုအချိန်က သူ့အခြေအနေကို ပြန်မတွေးနိုင်သည်အထိ ဖြစ်နေသဖြင့် ဝမ်မင်ယီကိုသာ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး အကြိမ်ကြိမ်နမ်းနေသည်။ သူ၏ ဘေးတွင်တည်ရှိနေသည့် ဝမ်မင်ယီ၏ အထိအတွေ့များကို ခံစားနေမိသည်။
သူအလွန်ဖက်ထားသောကြောင့် ဝမ်မင်ယီအနည်းငယ်နာကျင်လာသည်။ မျက်လုံးများဖွက့်ကာ သူ့ကို "ကောကော" ဟု မသဲမကွဲခေါ်ပြီး မေးလိုက်သည်။
" မိုးလင်းပြီလား ..."" မဟုတ်ဘူး ... မင်မင် ဆက်အိပ်ရင်အိပ်လေ ရတယ် ..."
စစ်ကျွင်းတောက်က နွေးထွေးသောအသံဖြင့်ပြောလိုက်သည်။" ဘာလို့ အာရုဏ်မတက်ခင် နိုးလာတာလဲ ..."
ဝမ်မင်ယီ အိပ်ချင်မူးတူးဖြင့် ပြောလိုက်သည်။စစ်ကျွင်းတောက် သူ့နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ ဝမ်မင်ယီက စစ်ကျွင်းတောက်၏အနမ်းများကို သဘောကျသူဖြစ်သဖြင့် သူ့ကိုပြန်ဖက်ထားပြီး စိတ်လိုလက်ရ တုံ့ပြန်နေမိသည်။
ဤတစ်ကြိမ် စစ်ကျွင်းတောက် နမ်းလိုက်သည့်အခါ ဝမ်မင်ယီ အသက်ရှုရပ်မတတ်ဖြစ်သွားသည်။ သူ ယခုအခါမှ အိပ်ရာက အပြည့်အဝနိုးလာပြီဖြစ်သည်။ စစ်ကျွင်းတောက်က မရပ်တန့်သည့်အတွက် ဝမ်မင်ယီက လူချင်းခွာလိုက်ပြီး သူ့ရှေ့မှလူကိုကြည့်ကာ မေးလိုက်သည်။
" ကောကော ဘာဖြစ်လို့လဲ ..."
![](https://img.wattpad.com/cover/344644058-288-k226949.jpg)