ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

538 76 0
                                    

Chapter 97

ဝမ်ပေါ်နှင့် ကျန်းဇီမော့တို့က အတူတကွ တရားဝင်နေထိုင်နေကြပြီဖြစ်သည်။

ပထမဆုံးနေ့တွင် ဝမ်ပေါ်က အလွန်‌ပျော်ရွှင်နေခဲ့သည်။ ဒုတိယမြောက်နေ့တွင်လည်း သူအလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် ဆယ်ရက်မြောက်နေ့တွင် သူတို့နှစ်ယောက်အတူနေထိုင်ခြင်းက သူထင်ထားသကဲ့သို့ မကောင်းမွန်ကြောင်း သိလိုက်ရသည်။

ဝမ်ပေါ်က ကျန်းဇီမော့ကို အလွန်ချစ်သည်။ အချိန်အတော်ကြာ ကျန်း‌ဇီမော့နောက်မှတကောက်ကောက်လိုက်ပြီး နောက်ဆုံးမှ ချစ်သူဖြစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ သူတို့ တူတူနေနေကြပြီဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးလာချင်သည်။ ချစ်သူရည်းစားများအတူတူပြုလုပ်လေ့ရှိသည့်အရာများကို လုပ်ချင်သော်လည်း ကျန်းဇီမော့က သူ့ကိုငြင်းသည်။

" အရမ်းစောပါသေးတယ် ... အဲ့လောက်မြန်မြန်ကြီး ငါမင်းနဲ့ မလုပ်ချင်သေးဘူး ..."
ကျန်းဇီမော့က ငြင်းလိုက်သည်။

ဝမ်ပေါ်လည်း သဘောပေါက်သွားသဖြင့် ထပ်မမေးတော့ပေ။

ကျန်းဇီမော့က ရက်အနည်းငယ်စိတ်ဓာတ်ကျနေပြီးနောက်တွင် ဖျော်ဖြေရေးနယ်ပယ်မှ ကန်ထုတ်ခံလိုက်ရသည်ကို လက်ခံလိုက်ပြီး အလုပ်တစ်ခု ထပ်ရှာရသည်။ ဘွဲ့ယူသည့်အခမ်းအနားနီးလာချိန်ဖြစ်၍ ကုမ္ပဏီများကလည်း အလုပ်အများအပြားခေါ်ယူနေကြချိန်လည်းဖြစ်သည်။ ကျန်းဇီမော့က သူ၏အလုပ်လျှောက်လွှာကို ကုမ္ပဏီအမြောက်အများသို့ ပေးပို့ထားသော်လည်း တုံ့ပြန်ချက် မရရှိပေ။

သို့သော် ကုမ္ပဏီငယ်များက သူ့ကိုလက်ခံသော်လည်း ကျန်းဇီမော့က စစ်ရှီနှင့် ဝမ်ဖုန်းလုပ်ငန်းစုများတွင် အလုပ်လုပ်ပြီးသည့်နောက် ကုမ္ပဏီငယ်များကို အထင်သေးနေသည်။

လူတွေ့စစ်ဆေးခြင်းအတွက် သွားရမည့်နေ့တွက် ဝမ်ပေါ်က ဧည့်သည့်အိပ်ခန်းထဲတွင် အိပ်နေဆဲဖြစ်သည်။

ကျန်းဇီမော့က တံခါးကိုဆွဲဖွင့်ပြီး ဝမ်ပေါ်ကို ပြောလိုက်သည်။
" အိပ်ရာထချိန်ရောက်ပြီ ..."

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now