ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်း

582 76 0
                                    

Chapter 49

လူရွေးပွဲ ပြီးသွားချိန်တွင် လူတော်တော်များများ X City ကို ပြန်သွားကြလေသည် ။

ကြော်ငြာသည် တစ်ပတ်အကြာတွင် ရိုက်ကူးရန် စီစဉ်ထားလေသည်။ ဆိုလိုသည်မှာ ဝမ်မင်ယီ သည် အိမ်တွင် တစ်ပတ်အနားယူခွင့်ရှိပေမည် ။ လုယွင်ဖေး နှင့် လီယွမ်ချင်း တို့သည်လည်း အားလပ်ရက်တွင် ပြန်လာခဲ့ကြသည်။ မတွေ့တာကြာပြီဖြစ်သည့် ဤလူတစ်စုသည်  အတူစုဆုံဖြစ်ခဲ့ကြသည်။ အချိန်သည်ကား အလျင်အမြန်ပင် ကုန်ဆုံးသွားပြီး  မကြာမီတွင် စာမေးပွဲ အောင်စာရင်း ထွက်သည့်နေ့သို့ရောက်ရှိလာတော့သည်။

ဝမ်မင်ယီက ကျောင်း၏ဝဘ်ဆိုဒ်သို့ ဝင်ရောက်ပြီး သူ၏အဆင့်များကိုကြည့်ရန် ကျောင်းသား ID နှင့် အထောက်အထား အချက်အလက်များကို ထည့်သွင်းခဲ့သည်။ သူမျှော်လင့်ထားသလိုပင် ဤတစ်ကြိမ်တွင် သူ၏ရလဒ်များက  အတော်လေး ကောင်းမွန်ခဲ့လေသည် ။ အတန်းအဆင့်သတ်မှတ်ချက်၏ကော်လံအောက်တွင်၊ ရှင်းရှင်းလင်းလင်းဖော်ပြထားကား—၁ ဟူသည်။

ကျန်းဟမ့်က WeChat မက်ဆေ့ခ်ျပို့ပြီး မေးသည်-(စာမေးပွဲ  ရလဒ်တွေ ထွက်လာပြီ၊ ဝင် ကြည့်ပြီး ပြီလား။ မင်းအဆင့်ဘယ်လောက်ရလဲ ။)

ဝမ်မင်ယီ၏ခွေးခြေဖဝါးလေးများ က ကီးဘုတ်ကို ဆောင့်ကန်ပြီး ပြန်ဖြေလိုက်သည်- (ငါကြည့်ပြီးပြီ ။ အိုခေနေတုန်းပဲ)

ကျန်းဟမ့်(: နံပါတ်ဘယ်လောက်လဲ..)

ဝမ်မင်ယီ ပြုံးလိုက်သည်။ ဟက်စကီးခွေးလေး၏ မျက်နှာတွင် ဉာဏ်များပြီး ဆန်းကြယ်သော အပြုံးတစ်ခုဖြစ်ပေါ်သည် ။ စစ်ကျွင်းတောက်သည် သူ့မျက်လုံးများကို ပင့်ကြည့်လိုက်ရာတွင် သူနှင့်မျက်နှာချင်းဆိုင်ရှိ ထို့သို့မိုက်မဲသည့် မျက်နှာထားဖြင့် သူ့ကိုယ်သူဂုဏ်ယူစွာပြုံးနေသည့် ဟက်စကီးတစ်ကောင်ကိုတွေ့လိုက်သည်။

စစ်ကျွင်းတောက် :…

ဝမ်မင်ယီ က ကျန်းဟမ့်ကို ပြန်ဖြေလိုက်သည်။
(—သာမန်ပါပဲ၊ နံပါတ် ၁)

Semester တစ်ခုလုံးပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရသည့်ကျန်းဟမ်: "... "

ဗီလိန်ဥက္ကဠ၏ခွေးနှင့်ကြောင်အဖြစ်မွေးဖွားခြင်းWhere stories live. Discover now