CH- 1

5K 287 3
                                    

အခန်း ၁ ခမ်းခမ်းနားနားမင်္ဂလာပွဲ

မနက်စောစောမို့ ကောင်းကင်က အနည်းငယ် တောက်ပနေပြီ။

ဆောင်းအလယ်ရောက်နေခဲ့တာကြောင့် လေကအေးစက်နေသည်။ တည်းခိုဆောင်ရဲ့ ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်ထားတာတောင်မှ လေအေးက တံခါးအဟလေးတွေကတဆင့် ဝင်ရောက်လာနေဆဲဖြစ်သည်။

မိန်းခလေးအစေခံနှင့် အခမ်းအနားမှူးမော့မော့ နိုးလာသည်အထိ လဲ့ကျစ်က အိပ်ယာပေါ်တွင် အိပ်ပျော်ဟန်ဆောင်နေခဲ့သည်။ (မော့မော့-အသက်ကြီးအစေခံ/အထိန်းတော်)

သူမက သပ်ရပ်စွာ ဖီးလိမ်းပြင်ဆင်ထားပြီး သင့်တင့်စွာ ၀တ်ဆင်ထားသည်။ ကြေးဝါကြေးမုံပြင်တွင် နူးညံ့သိမ်မွေ့လှသော ခေါင်ရမ်းပန်းနှင့်တူသော မျက်နှာလေးတစ်ခု ပေါ်လာရန် အချိန်ကြာကြာပင် မယူလိုက်ရချေ။ ဖမ်းစားနိုင်ဆုံးအရာကတော့ သူမရဲ့ ညှို့ဓာတ်အပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ မြေခွေးမလေးလို မျက်ဝန်းလေးတွေပါပဲ...

အခမ်းအနားမော့မော့ရဲ့ မျက်နှာမှာ ပျော်ရွှင်တဲ့ အပြုံးတစ်ခု အမြဲရှိနေသလို မိန်းခလေးအစေခံ လီယောင်က သူမကို သစ်တော်သီးဟင်းရည် တစ်ပန်းကန် ယူလာပေးခဲ့သည်။

မကြာသေးမီက အရမ်းအေးပြီး ခြောက်သွေ့နေခဲ့တာကြောင့် လဲ့ကျစ်၏လည်ချောင်းက မကြာခဏ ခြောက်သွေ့ပြီး ချောင်းဆိုးကာ အသံတောင်ပြာနေသည်။

ဒါပေမယ့် ဒီနေ့တော့ သူမ လုံးဝ ချောင်းဆိုးလို့မဖြစ်ဘူး။

သူမက ပြတင်းပေါက်ဘက်ကို ငေးကြည့်ရင်း သစ်တော်သီးဟင်းရည်ကို ဖြည်းဖြည်းချင်း တစ်ငုံချင်း သောက်နေသည်။

ပူနွေးသော နေရောင်က တဖြည်းဖြည်း တောက်ပလာပြီး ခြံဝင်းတစ်ခုကို လင်းလက်တောက်ပနေစေသည်။ တည်းခိုစခန်းရှိ အလုပ်ကြမ်းသမားများနှင့် ကျွန်များ အားလုံး နိုးထလာကြသည်။ ခနအကြာတွင် ပေါ့ပါးသော ခြေသံများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းတွင် အချို့က တိုးတိုးလေး စကားပြောနေကြသည်။

"ဟေး.... အခန်းထဲက မင်းသမီးလေးက ထိုက်ဇီ* အတွက်လို့ မင်း ထင်လား..." (ထိုက်ဇီ* – အိမ်ရှေ့စံမင်းသား)

ရန်သူ့အိမ်ရှေ့စံTempat cerita menjadi hidup. Temukan sekarang