CH- 51

1.5K 142 12
                                    

အခန်း ၅၁ တက်ကြွစေတယ်

ဟော်တူက သူ့နဖူးမှာ နွေးထွေးမှုကို ခံစားလိုက်ရပြီး အနီးနားရှိ မျက်နှာလေးကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမက မျက်လုံးများကို မှိတ်ထားပြီး သူမ၏အနက်ရောင်မျက်တောင်များက အနည်းငယ် ကော့နေကာ နှုတ်ခမ်းထောင့်များကလည်း ထပ်တူညီစွာ မျဉ်းကွေးလေးဖြစ်နေစေသည်။

လဲ့ကျစ်၏ ခြင်ကဲ့သို့ အသံတိုးတိုးလေးက အလွန် သေးငယ်သော်လည်း ဟော်တူက ၎င်းကို ရှင်းရှင်းလင်းလင်း ကြားနိုင်ဆဲဖြစ်သည်။ သူက အဓိပ္ပါယ်မရှိ‌လျောက်ပြောခဲ့တာကို သူမက တကယ်ကို ယုံကြည်ခဲ့သည်။ ဟော်တူက သူမ၏ နှလုံးသားထဲမှ မိုက်မဲမှုကို ရယ်မောလိုက်သော်လည်း သူမ၏ လေးနက်သော အမူအရာကို မြင်လိုက်ရတော့ သူ့စိတ်ထဲတွင် ပျော်ရွှင်မှုများ ပေါက်ဖွားလာသည်။

သူမ ပြောပြသော ပျော်ရွှင်မှုကို သူ တကယ်ပင် လက်ခံရရှိခဲ့ပုံပေါ်သည်။

ခဏကြာတော့ သူ့ခါးမှာ ပွေ့ဖက်ထားတဲ့ လက်တွေက ပြေလျော့သွားပြီး လဲ့ကျစ်က နောက်ကို နည်းနည်းပြန်ဆုတ်သွားသည်။ သူမက မျက်လုံးများကို အပြည့်အ၀ မဖွင့်မီ ဟော်တူက လဲ့ကျစ်၏လည်ပင်းနောက်ဘက်သို့ သူ၏လက်ဖဝါးကို အလျင်အမြန်တင်ကာ သူမမျက်နှာအနားသို့ကပ်ကာ ပေါ့ပါးစွာနမ်းလိုက်သည်။

ခပ်ဖွဖွအနမ်းလေး တစ်ခုကြောင့် နူးညံ့အေးမြသော ရနံ့တစ်ခုက နှုတ်ခမ်းများဆီသို့ နွေးထွေးစွာရောက်လာသည်။

လဲ့ကျစ်က အထိတ်တလန့်ဖြင့် မျက်လုံးဖွင့်လိုက်ပြီး သူမ၏ နှင်းဖြူရောင် ပါးပြင်ပေါ်ရှိ နီရဲနေသော အနီကွက်များက နားရွက်ထိပ်များအထိ ပျံ့နှံ့သွားသည်။ သူမက ဟော်တူ၏မျက်လုံးများကို ကြည့်လိုက်ပြီး သူ့မျက်လုံးများမှ ပြင်းပြသော ဆန္ဒများကြောင့် သူမ၏နှလုံးက အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ သူမက ရှက်ကိုးရှက်ကန်းဖြင့် အဝေးကိုကြည့်ကာ သူ့လက်မောင်းကို တွန်းဖယ်လိုက်ပြီး "မြန်မြန် ရေချိုးလိုက်တော့"

ဟော်တူက သူမကို တမင်တကာ လှောင်ပြောင်ရယ်မောနေပြီး "မင်းက ပွေ့ဖက်ပြီးတာနဲ့ လူကို အသိအမှတ်မပြုတော့ဘူးပေါ့"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now