CH- 30

1.8K 178 4
                                    

အခန်း ၃၀ ပျော်ရွှင်မှု

မင့်ရနံပါသော အေးမြသော ဝင်သက်ထွက်သက်များက လွှမ်းခြုံနေပြီး သူ့၏ပူနွေးသော ရင်ဘတ်နှင့် ကပ်ထားသော လဲ့ကျစ်၏ နောက်ကျောက သူမ၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။ သူမ၏ စိတ်ထဲတွင်၊ ဟော်တူက အတွင်းအပြင်သာမက ခန္ဓာကိုယ်မှ နှလုံးသားအထိ အမြဲအေးစက်နေခဲ့သည်။ ဒါပေမယ့် ဒီအချိန်မှာတော့ သူ ခါတိုင်းနဲ့ တော်တော် ကွာခြားနေခဲ့သည်။

လဲ့ကျစ်၏ စိတ်က အချိန်အတော်ကြာ ဗလာကျင်းနေကာ မလှုပ်မယှက်ဖြစ်နေပြီး အသိပျောက်သည်အထိ လန့်ဖျပ်သွားခဲ့သည်။ သူမနောက်ကလူကို အဖြေမပေးမိသလို သူကလည်း မတိုက်တွန်းဘူး။ ဒါပေမယ့် အဲ့အချိန်မှာ သူက သူမကို လွှတ်ပေးလိုက်ပြီး သူမနှင့် ခပ်ခွာခွာနေလိုက်သည်။

လဲ့ကျစ်က နောက်ကျောရှိ အပူရင်းမြစ် ရုတ်တရက် ပျောက်ကွယ်သွားသောအခါမှသာ တုံ့ပြန်နိုင်ခဲ့သည်။ သူမ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ အချိန်မီ မတုံ့ပြန်နိုင်လို့ စိတ်ပျက်သွားခဲ့သည်။ အခု သူ့ကို ပွေ့ဖက်ထားရမှာ အရမ်းသိသာနေတာ မဟုတ်ဘူးလား။

ခဏလောက်စဉ်းစားပြီးနောက် လဲ့ကျစ်က စောင်အောက်မှ သူမလက်ကို ညင်သာစွာ ရွှေ့လိုက်သည်။ ဟော်တူ၏လက်ဖဝါးကို ရှာတွေ့ပြီးနောက် သူမ၏နူးညံ့သောလက်ချောင်းများက သူ့လက်ချောင်းများကို ညင်သာစွာဆုပ်ကိုင်ထားပြီး သူ့လက်ချောင်းများကို ရောယှက်ဆုပ်ကိုင်လိုက်သည်။

သူ့လက်ဖဝါးမှ ထွက်လာသော အေးစက်မှုကြောင့် လဲ့ကျစ် အံ့ဩသွားသည်။

နွေးထွေးတဲ့ ပွေ့ဖက်မှုနဲ့ အေးစက်တဲ့ လက်ဖဝါးတွေက တကယ်ပဲ လူတစယောက်ထဲဆီကနေ ဆင်းသက်လာတာလား။

သူမက အများကြီးမစဉ်းစားဘဲ "အမ်း" ဟု အသံတိုးတိုးနဲ့ ပြန်ဖြေလိုက်သည်။

အချိန်အတော်ကြာပြီးနောက်၊ သူမဘေးနားကလူက အိပ်ပျော်သွားပြီလို့ လဲ့ကျစ်က တွေးလိုက်မိပြီး ရယ်သံတိုးတိုးလေး ထွက်လာသည်။

"ကောင်းပြီ" ဟော်တူက ဖြေလိုက်သည်။ "ဒီမင်းသားက သဘောတူတယ်"

ချက်ခြင်းပင်၊ လဲ့ကျစ် ၏မျက်နှာလေးက ရှုံတွလာသည်။ တခြားသူတွေ အိမ်ထောင်ကျပြီးရင် ဘယ်လိုနေကြလဲဆိုတာကို သူမ မသိပေမယ့် သူမနဲ့တော့ မတူလောက်ဘူး။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now