CH- 78

1.1K 128 3
                                    

အခန်း ၇၈ တောင်းဆု

"အဲ့ဒါဆို အရှင့်သားက ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့မှာ" လဲ့ကျစ်က မျက်လွှာချထားပြီး တစ်ခုခုကို ပြောဖို့ပြင်နေပေမယ့် တွန့်ဆုတ်နေသည်။ သူမ ဒီမှာနေမယ်ဆိုရင်တောင် သူ့ကို အများကြီး မကူညီနိုင်ဘူးဆိုတာ သူမ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ သို့သော်လည်း သူမ၏ နှလုံးသားတွင် ဖော်မပြနိုင်သော စိုးရိမ်ပူပန်မှုနှင့် စိတ်မသက်မသာမှုများဖြင့် ပြည့်နှက်နေသည်။

သူမ၏ ရှုပ်ယှက်ခတ်နေသော အသွင်အပြင်ကို မြင်လိုက်ရတော့ ဟော်တူက စကားတစ်ခွန်းမှ မပြောဘဲ သူမကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။

ခဏအကြာတွင် လဲ့ကျစ်က မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လာပြီး "ကျွန်မရဲ့ယောင်းမနဲ့ ယုအာကို ရှာပြီး ပြေလည်သွားအောင် ဖြေရှင်းပြီးရင် ပြန်လာခဲ့ပါမယ်" ဟု ပြောလိုက်သည်။

ခေတ္တနားပြီးနောက် သူမက ဟော်တူ၏လက်ကို လှမ်းကိုင်ကာ "တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့မယ်!"

ဟော်တူက ခေါင်းညိတ်လိုက်သည်။

"ပြီးတော့ ဒါက..." လဲ့ကျစ်က တစ်ခုခုကို သတိရသွားပုံပေါ်ပြီး သူမအင်္ကျီလက်ဝထဲက သစ်သားသေတ္တာကို ထုတ်ယူပြီး "ဦးလေးရင်က ဒီဟာကို ကျွန်မအတွက် ပေးခဲ့တယ်၊ ကျွန်မတို့ ရှန့်ယန်မြို့ကို ရောက်ရင် အသုံးဝင်မယ်လို့ ပြောခဲ့တယ်"

ဟော်တူက သစ်သားသေတ္တာကို လှမ်းယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲမှာ ကျောက်စိမ်းဆွဲသီးအဖြူ အပိုင်းအစလေးတစ်ခု ရှိနေသည်။ သူက ဘာမှပြန်မပြောဘဲ မတ်တပ်ရပ်ဖို့ လဲ့ကျစ်ကို ဖြည်းဖြည်းချင်း လှမ်းဆွဲလိုက်သည်။

"ရှင်?"

လဲ့ကျစ်က သူမကို အပြင်ဘက်သို့ ဆွဲခေါ်သွားသော သူ့ကို ကြည့်ရင်း အံ့သြနေသည်။ သူ၏ ခြေလှမ်းများက အနည်းငယ် မတည်မငြိမ် ဖြစ်နေပြီး မြန်မြန် လျှောက်လှမ်းနိုင်ခြင်း မရှိသော်လည်း သူမမြင်နေရတာက... သူ့ညာဘက်ခြေထောက်က ခွန်အား အနည်းငယ် တိုးလာပြီ ဖြစ်သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now