CH- 22

1.7K 175 8
                                    

အခန်း ၂၂ ဘိန်းပန်း

လဲ့ကျစ်က မျက်လုံးများကို မှေးထားရင်း သူမ၏လည်ချောင်းများက ခြောက်သွေ့ပြီးရင်း ခြောက်သွေ့လာသည်။

အရူးမတဲ့လား? သူမ ဘယ်လို မရူးပဲနေနိုင်မှာလဲ။

မကြာသေးမီရက်များအတွင်း လဲ့ကျစ်သည် ညတိုင်းလိုလို အိပ်မက်ဆိုးများထဲသို့ ကျရောက်ခဲ့သည်။ သူမက စိတ်ရှည်သည်းခံပြီး အချိန်ဆွဲနေနိုင်ပေမယ့် အစ်မကရော ဘယ်လိုတွေဖြစ်နေမလဲ။ လီတိုင်းပြည်ကို ကြီးမြတ်သောချီ၏တပ်များ ကျူးကျော်ဝင်ရောက်သည့်နေ့တွင်၊ သူမ၏အစ်မသည် ပြောမပြနိုင်လောက်အောင် ကြီးမားသောအရှက်ရမှုကို ခံစားခဲ့ရသည်။ သူမအစ်မကို ခေါ်ဆောင်သွားချိန်တွင် ထိုဗလာကျင်းနေသော မျက်လုံးများကို လဲ့ကျစ်က ဘယ်တော့မှ မမေ့နိုင်ဘဲ အစ်မရဲ့တစ်ကိုယ်လုံးကလည်း တိတ်ဆိတ်ငြိမ်သက်သွားပုံရသည်။

သူမ အကန့်အသတ်မရှိ မစောင့်နိုင်တော့ပေ။ အစ်မအတွက်ကြောင့် သူမ တိုက်ခိုက်ခဲ့သည်။

ပျက်စီးခြင်းမရှိဘဲ ပြန်ဆောက်လို့ မရဘူးလေ...

ဟော်တူ၏နှလုံးသားထဲသို့ အချိန်တိုအတွင်း ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ဤကိစ္စတွင်၊ သူမက နည်းလမ်းကိုသာ ပြောင်းလဲနိုင်သည်။ သူမသေသွားရင်တောင် သူက သူမအပေါ် လေးလေးနက်နက် စွဲမှတ်ထားခဲ့ရပြီး မမေ့နိုင်စရာ ဖြစ်စေချင်သည်။

ကြောင်သူတော် ဟော်ရှအတွက်တော့ သူမတကယ်သေသွားခဲ့ရင် သူမအစ်မကို ကြမ်းတမ်းစွာ မဆက်ဆံမှာ သေချာသည်။

လဲ့ကျစ်က သူမအစ်မကို အခွင့်အရေးပေးဖို့ သူမဘဝကို အသုံးချချင်ခဲ့သည်။

"အရှင့်သားက ကျွန်မရူးနေပြီလို့ ထင်နေတာလား" လဲ့ကျစ်က တခစ်ခစ်ရယ်ရင်း "ဒါက အရှင့်သားအတွက် ပိုကောင်းတာ မဟုတ်ဘူးလား"

အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။ လဲ့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ နောက်ကို လှည့်ကြည့်လိုက်တော့ သူမမျက်လုံးတွေက ရုတ်တရက် မည်းမှောင်လာပြီး အသိစိတ်မရှိတော့ဘဲ သူမမျက်နှာက ပျော့ပျောင်းတဲ့ ခေါင်းအုံးပေါ်ကို လုံးလုံးလျားလျား ကျသွားသည်။

ရန်သူ့အိမ်ရှေ့စံKde žijí příběhy. Začni objevovat