CH- 28

1.6K 177 4
                                    

အခန်း ၂၈ ကိုယ့်ကို ပွေ့ဖက်ပေး...

အမှောင်ထဲသို့ ရုတ်တရက် ထိုးကျသွားသော ရန်ဟမ့်က ဖြစ်ပျက်ခဲ့သမျှကို တုံ့ပြန်ခြင်း မပြုနိုင်သေးမီ သူ့နောက်ကျောကို အေးစက်သော အရာတစ်ခုက ထိမိနေပြီဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ? သူ အလှလေးနဲ့ ပျော်နေခဲ့တာ သေချာတယ်လေ။ အလှလေးက ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ရှိပြီး နှင်းဖြူရောင်က သူမရဲ့ ပါးပြင်တစ်ဝက်လောက်ကို ဖုံးလွှမ်းထားခဲ့သည်။ ထိုလူကို ပွေ့ဖက်ရန် ခက်ခက်ခဲခဲ ကြုံခဲ့ရပြီး ကျယ်ဝန်းသော ကုတင်ပေါ်သို့ လှဲချရန် အခွင့်အရေးကို ရယူခဲ့သည်။

ထို့နောက် သူသည် အတွင်းထဲသို့ နှစ်ကြိမ်လောက် လှိမ့်ဝင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က ရုတ်တရက် လေထဲသို့ ခုန်တက်သွားပြီး တည့်တည့် ပြန်ပြုတ်ကျသွားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဘယ်သူလဲ? သူ့ကို ဘယ်သူက ချောက်ချတာလဲ။

ရန်ဟမ့်က မတ်တပ်ထရပ်လိုက်ပြီး အသက်အနည်းငယ် ရှူလိုက်သည်နှင့် သူ့နှာခေါင်းနှင့် ပါးစပ်ကြားတွင် မွှေးပျံ့သောရနံ့များ ပျံ့လွင့်လာသည်။ သူက ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်– "ရဲတင်းလိုက်ကြတာ... ဒီသခင်က ဘယ်သူလဲဆိုတာ သိကြလား..."

သူ့အသံက တဖြည်းဖြည်း အားနည်းလာပြီး သူ့ခန္ဓာကိုယ်က ပျော့ပျောင်းလာကာ လည်ချောင်းပင် ပိတ်ဆို့သွားသည်ကို သူ သိလိုက်ရတော့ အံ့အားသင့်သွားသည်။ သူတင်းခံနေပေမယ့် ကြီးမားသော ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားပြီး ဘာမှ မလုပ်နိုင်တော့ပဲ ကြောက်ရွံ့မှုတွေက ချက်ချင်းပင် ဦးရေပြားထဲတွင် ပေါက်ကွဲလာသည်။

"ထျူး...ထျူး....ထျူးးး"

ရှင်းရှင်းလင်းလင်း အော်သံများနှင့်အတူ မှောင်မိုက်သောလျှို့ဝှက်ခန်းသည် ဖယောင်းတိုင်မီးများကြောင့် လင်းထိန်လာသည်။ ရန်ဟမ့်က သူ့မျက်လုံးတွေကို မော့ကြည့်လိုက်တော့ ဖြူကောင်လေးတွေအများကြီး ပေါ်လာပြီး ရူးသွပ်သွားနေကြသလိုပုံစံတွေနဲ့ သူ့ဆီ ပြေးလာတာကို တွေ့လိုက်ရသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now