CH- 87

1.1K 130 10
                                    

အခန်း ၈၇ နှုတ်ဆက်ပွဲ

အခန်းတွင်းရှိ အပူပေးမီးဖိုက တောက်ပစွာ တောက်လောင်နေပြီး အနီရောင်ဇီးပန်းပွင့်၏ရနံများနှင့် ရောနှောနေသော မွှေးကြိုင်သော အမွှေးရနံများက အိပ်ယာထဲအထိ ပျံ့လွင့်နေသည်။ ကုတင်ပေါ်တွင် နစ်မြုပ်နေသော လူနှစ်ယောက်၏ အသက်ရှူသံက အနည်းငယ် ဖရိုဖရဲနှင့် မတည်မငြိမ်ဖြစ်သွားပြီး သူတို့ အသီးသီး၏ အပူချိန်ကလည်း တိုးမြင့်လာသည်။

ထိုအချိန်တွင် တံခါးခေါက်သံကတခုပေါ်လာပြီး အသံက တိုးသော်လည်း ကြည်လင်နေသည်။

လဲ့ကျစ်က ချက်ခြင်း ဆိုသလိုပင် အသိဝင်လာပြီး သူမက အနည်းငယ်လန့်သွားကာ သူ့ကို တွန်းဖယ်လိုက်သည်။ သူမ၏ပါးပြင်များက သွေးများယိုစီးနေသကဲ့သို့ နီရဲနေသည်၊ "ကျွန်မ တံခါးသွားဖွင့်လိုက်မယ်"

ထို့နောက် ညဝတ်အင်္ကျီကို သပ်ရပ်အောင်ပြင်ကာ အိပ်ယာ၏ ကန့်လန့်ကာကို ဖွင့်ပြီး ကုတင်ပေါ်မှ ဆင်းသွားတော့မည်။ သို့သော် သူမ၏လက်ကောက်ဝတ်ကို ဆုတ်ကိုင်ခံလိုက်ရပြီး သူမခေါင်းကို လှည့်ကြည့်လိုက်တော့ မှေးမှိန်နေသေးသော ဟော်တူ၏မျက်လုံးများတွင် နီရဲနေသည့်အနီကွက်များကို တွေ့လိုက်တာကြောင့် သူမ၏နှလုံးသားက အနည်းငယ်တုန်ခါသွားသည်။

"ကျွန်မကို လွှတ်ပေး! ဒီအချိန်မှာ တံခါးလာခေါက်တာ အရေးတကြီး ကိစ္စတစ်ခုခု ရှိလို့ဖြစ်မယ်"

"ကိုယ် သွားမယ်" ဟော်တူက အသံမာမာဖြင့် ပြောလိုက်ပြီး သူမကို နောက်ပြန်ဆွဲယူကာ ကုတင်ပေါ်မှ လှိမ့်ဆင်းလိုက်ပြီး သူ့၏အဝတ်အစားများကို ဆွဲ့ဆန့်ကာ ထွက်သွားခဲ့သည်။

တံခါးဖွင့်လိုက်တာနဲ့ တွန့်ဆုတ်နေသောမျက်လုံးတစ်စုံကို ချက်ချင်းတွေ့လိုက်ရသည်။

"အရှင့်သား၊ သခင်ငယ်လေးက ကောင်းကောင်း မအိပ်ပါဘူး၊ သူက ထိုက်ဇီဖေးကို ရှာချင်နေတာ" လင်းယွီက ပူပန်သောကမျက်နှာဖြင့် ပြောလာသည်။

"ဦးလေး..."

ဟော်တူက မျက်မှောင်ကြုတ်ကာ လဲ့ယုအား မှုန်ကုပ်ကုပ်ဖြင့် ငုံ့ကြည့်လိုက်ပြီး လင်းယွဲ့ကို မကျေမနပ်ဖြင့် ကြည့်နေသော်လည်း နောက်ဆုံးတွင် သူက ကလေးကို ချီရန် လက်ကို ဆန့်တန့်ရင်း လင်းယွဲ့ကို ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ "ရပြီ၊ ပြန်သွားတော့"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now