CH- 52

1.5K 147 14
                                    

အခန်း ၅၂ ကြီးမားသောထိုးနှက်ချက်

ရေချိုးခန်းထဲကနေ ဟော်တူပြန်ထွက်လာဖို့ အချိန်ဘယ်လောက်ကြာခဲ့လဲဆိုတာ ဘယ်သူမှ မသိဘူး။

ဟော်တူက မှုန်ကုပ်ကုပ် မျက်နှာဖြင့် ထွက်လာချိန်တွင် နှင်းဆီရနံ့များ ပျောက်ကွယ်သွားကာ နံ့သာဖြူမွှေးရနံ့က သူ့နှာခေါင်းဆီသို့ ပျံ့လွင့်လာပြီး သူ့နှလုံးသားကို အနည်းငယ် ပေါ့ပါးသွားစေသည်။ ခုလောလောဆယ်ဖြစ်ပျက်ခဲ့တာတွေကို လဲ့ကျစ်ကို ဘယ်လိုရှင်းပြရမလဲဆိုတာကို သူ တကယ်ပဲ မစဉ်းစားနိုင်တော့ဘူး။

သင့်တော်သော ရှင်းပြချက်မရှိနိုင်တော့ဘူးလို့ တွေးနေမိသည်။

စိတ်ညစ်တယ်.....

သူက ဖြည်းညှင်းစွာ လျှောက်သွားကာ ကုလားကာကို မချတော့ဘဲ ကုတင်ပေါ်သို့ တောင့်တင်းစွာ လှဲချလိုက်သည်။ သူ့ဘေးနားက အသက်ရှုသံကို တိတ်တဆိတ် နားထောင်ရင်း ဟော်တူက သူမ အိပ်မပျော်ဘူးဆိုတာ သိလိုက်သည်။

ရုတ်တရက်၊ ဘရိုကိတ်စောင်က အနည်းငယ်လှုပ်သွားပြီး လဲ့ကျစ်က သူမလက်လေးကို သူ့ဘက်သို့ ဖြည်းညှင်းစွာ ရွှေ့လာပြီး သူ့လက်ခုံနောက်ဘက်ကို အုပ်မိုးဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမက သူ့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်ပြီး သူမခေါင်းကို သူ့ပခုံးပေါ်တင်ကာ သူ့လက်မောင်းကို သူမ၏လက်နှစ်ဖက်ဖြင့် တင်းတင်းဖက်ထားကာ "ရပါတယ်" ဟု တိုးတိုးလေးပြောလာသည်။

သူမအသံက နှစ်သိမ့်မှုများဖြင့် ပြည့်နေသည်။

ဟော်တူ၏အမူအရာက အလွန်ရုပ်ဆိုးနေပြီး သူက သူမ၏မျက်လုံးများကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ သူ၏မျက်မှောင်ကြုတ်နေပြီး မှုန်ကုပ်နေသော မျက်နှာက လဲ့ကျစ်၏ မျက်လုံးများထဲသို့ ဝင်ရောက်သွားပြီး သူမ၏ထင်မြင်ယူဆချက်ကို ပို၍ပင် အတည်ပြုနိုင်ခဲ့သည်။

ဒီလိုကိစ္စမျိုးက ယောကျာ်းတစ်ဦး၏ မိမိကိုယ်ကို လေးစားမှုကို အမှန်တကယ် ထိခိုက်စေသည်။

လဲ့ကျစ်က တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး ဟော်တူ၏လည်ပင်းတွင် သူမမျက်နှာကို နာခံစွာ မြှုပ်နှံကာ ညင်သာစွာ ပွတ်သပ်နေရင်း "အိပ်ရအောင်"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now