CH- 53

1.5K 140 3
                                    

အခန်း ၅၃ အမှောင်

ပူနွေးသော နေရောင်ခြည်က ပေါ်ထွက်လာပြီး လဲ့ကျစ်ပေါ်တွင် ဖြာကျနေသဖြင့် သူမတစ်ကိုယ်လုံးကို တောက်ပနေစေသည်။

ဟော်တူက သူမ၏အမူအရာကို အလေးအနက်ထား ကြည့်နေသည်။ အားမာန်အပြည့်နဲ့ တက်ကြွမှုအပြည့်ရှိနေသော သူမပုံစံလေးကို သူ သဘောကျနေမိသည်။ သို့သော် သူမ၏ တက်ကြွမှုက အမုန်းတရားများ ပြည့်နှက်နေခြင်းသည်ဟု တွေးမိသောအခါတွင် သူ့နှလုံးသားက တုန်လှုပ်သွားပြန်သည်။

ဟော်တူက "အကြံတစ်ခုခု ရှိနေတာလား" ဟု ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

လဲ့ကျစ်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးကို အနည်းငယ် မှိတ်လိုက်ကာ "အစ်ကို ဖူရှန်းက ရထားလုံးကို ပြန်ပေးဆွဲတုန်းက ဆူညံနေတယ်ဆိုရင် ဟော်ရှက အဲဒါကို သတိမထားမိဖို့ မဖြစ်နိုင်ဘူး၊ သူက အရှင့်သားကို အမှားလုပ်မိစေချင်တာ!"

ခေတ္တနားပြီးနောက် သူမက ဟော်တူ၏မျက်နှာကို စိုက်ကြည့်ကာ "အရှင့်သားက ဖူရှန်းရဲ့အထောက်အထားကို ဧကရာဇ်မင်းထံ သတင်းမပို့ခဲ့ဘူး မဟုတ်လား"

ဟော်တူဆီကနေ အေးအေးဆေးဆေး နှာမှုတ်သံထွက်လာသည်။

ဒါကိုကြားတော့ လဲ့ကျစ်ရဲ့ နှုတ်ခမ်းပေါ်မှာ အပြုံးဖျော့ဖျော့လေး ပေါ်လာသည်။

ဖူရှန်းက သာမန်လုယက်သူတစ်ဦးသာဖြစ်မည်ဆိုလျှင်၊ ဟော်တူက သူ၏ကိုယ်ပိုင်အာဏာဖြင့် သူကြိုက်သလို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်ပြီး သဘာဝအတိုင်း မည်သူမှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သို့သော် ဖူရှန်း၏ နောက်ခံမှာ ထူးခြားသည်။

သူက အလိုရှိသောစာရင်းတွင် ပါ၀င်သော လီနိုင်ငံ့၏ခေါင်းဆောင်ပိုင်းမှ လူတစ်ဦးဖြစ်သည်။

ချီတိုင်းပြည်က လီတိုင်းပြည်ကို သုတ်သင်ရှင်းလင်းခြင်း၏ အကျိုးသက်ရောက်မှုက အလွန်ကြီးမားပြီး ချီဧကရာဇ်က လီတိုင်းပြည်၏ကျန်ရှိသောတော်ဝင်မိသားစုနှင့် မှူးမတ်များကို အလွန်သတိထားခဲ့သည်။ လီ၏ကျန်ရစ်သော တော်ဝင်မိသားစုဝင်များကို ဖမ်းမိပါက ဧကရာဇ်မင်းရှေ့သို့ ခေါ်ဆောင်ရမည်ဖြစ်ကာ ၎င်းတို့အား ဧကရာဇ်က ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းမည်ဟု လွန်ခဲ့သည့်တစ်လအစောပိုင်းတွင် အမိန့်တော်ချခဲ့သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now