CH- 73

1.3K 142 6
                                    

အခန်း ၇၃ နာကျင်မှု (နှစ်ယောက်ထဲက တစ်ယောက်)

လဲ့ကျစ်က သူမ စိတ်ထဲတွင် သူမကိုယ်သူမ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။ သူက အမြဲတမ်း ဒီလိုပဲ... ရူးနေတာ...

တဖြည်းဖြည်းနဲ့ သူမက ငိုတာ ရပ်သွားပြီး သူမခေါင်းပေါ်မှ လက်ကို ဖယ်ထုတ်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

"အရှင့်သားထိုက်ဇီက ကောင်းကောင်း တွက်ချက်ထားတာပဲ" လဲ့ကျစ်က "ဧကရီရဲ့အစီအမံတွေ.... ရှန့်ယန်မြို့တော်ရဲ့ အဓိကရုဏ်းတွေ.... ဧကရာဇ်ရဲ့အမိန့်ထုတ်ပြန်ချက်တွေ... လူတိုင်းရဲ့ ခြေလှမ်းတိုင်းက အရှင့်သားရဲ့အစီအစဥ်ထဲမှာ ရှိနေတယ်၊ အရှင့်သားက ကျွန်မရဲ့တုံ့ပြန်မှုကိုတောင် မှန်းဆနိုင်တယ်မလား"

ဟော်ရှ အပြစ်ပေးခံရခြင်းအတွက် သူမ၏ပျော်ရွှင်မှုများ၊ အမိန့်တော်ကို ကြားပြီးနောက် သူမ၏တုန်လှုပ်ချောက်ချားမှုများနှင့် သူ၏အစီအစဥ်အားလုံးကို ရုတ်တရက် သိရှိပြီး နောက်တွင် သူမကိုယ်သူမ ကဲ့ရဲ့ရှုတ်ချ ငိုကြွေးမှုများ....အဲ့အရာအားလုံးကရော သူ့ရဲ့စီမံမှုအောက်မှာ ရှိနေတာလား။

စနစ်တကျ စီစဉ်ထားပြီး ဘယ်တော့မှ မကျဆုံးနိုင်တဲ့ ပြီးပြည့်စုံတဲ့ ဗျူဟာပါပဲ။

ဟော်တူက မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေရင်း သူ့မျက်လုံးထဲမှ အရောင်က ပိုနက်မှောင်လာသည်။

လဲ့ကျစ်က နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ သူ့မျက်နှာကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

ညဘက်တွင် နှင်းများက လျင်မြန်စွာ ကျဆင်းနေပြီး တိတ်ဆိတ်နေသည်။ နှင်းပွင့်လေးများက သူမ၏ ဆံပင်များ၊ မျက်တောင်များနှင့် ပခုံးများပေါ်သို့ ကြွေကျနေသည်။

"မင်း စိတ်ဆိုးနေတာလား?" ဟော်တူက မေးလိုက်သည်။

လဲ့ကျစ်က သူ့ကိုကြည့်ကာ ဖြည်းညှင်းစွာ ပြုံးလိုက်သည်။ အနက်ရောင် မျက်တောင်ပေါ်ရှိ နှင်းပွင့်လေးများက တဖြည်းဖြည်း အရည်ပျော်လာပြီး သူမမျက်လုံးများကို စိုစွတ်စေကာ မျက်လုံးအောက်ခြေမှ ခံစားချက်ကို မမြင်နိုင်တော့ပေ။

ရန်သူ့အိမ်ရှေ့စံOnde histórias criam vida. Descubra agora