CH- 32

1.6K 161 11
                                    

အခန်း ၃၂ မသန်တဲ့ခြေထောက်

ဆူညံနေသော စင်မြင့်က ဘာကြောင့်မှန်းမသိ တိတ်ဆိတ်သွားသည်။

လဲ့ကျစ်က နောက်ကိုပြန်လှည့်လိုက်ပြီး စျေးတိုးပေးဖို့ လက်ကိုမမြှောက်တော့ဘဲ သူ့ကို ပြန်ကြည့်ချင်စိတ်လဲ မရှိတော့ပေ။ သိပ်မကြာခင်မှာဘဲ သူမဘေးနားက အစေခံက အခန်းရဲ့ ညာဘက်ထောင့်ကို ရွှေ့လိုက်တာကို ရိပ်ခနဲမြင်လိုက်ရပြီး ခရမ်းရောင်ပုံရိပ်က သူမဘေးနားက ထိုင်ခုံနေရာကို ယူလိုက်သည်။

သိပ်မကြာခင်မှာပဲ "အရောင်းအဝယ်" ဟူသော အသံထွက်လာသည်။

လူကတော့ လုယက်ခံလိုက်ရပြီ။

သူမက ဒေါသအရမ်းထွက်နေပြီး မျက်နှာကို ငုံ့ထားလိုက်သည်။

စင်မြင့်ပေါ်ရှိလူတိုင်းက ချမ်းသာသည်ဖြစ်စေ မြင့်မြတ်သည်ဖြစ်စေ သူတို့အားလုံးသည် အထက်တန်းစားများဖြစ်သည်။ ထိုကြောင့် သူတို့က မြန်မြန် သဘောပေါက်နိုင်ကြသည်။ လူငယ်လင်မယားက ရန်ဖြစ်နေကြတာ မဟုတ်ဘူးလား။

လဲ့ကျစ်ရဲ့နောက်မှာထိုင်နေတာက အသက်ကြီးကြီးနဲ့ ချမ်းသာသော ကုန်သည်စုံတွဲတစ်တွဲ ဖြစ်သည်။ နူးညံပျော့ပျောင်းသော ချည်ထည်အင်္ကျီကို ဝတ်ထားသော သခင်မက မနေနိုင်တော့ဘဲ "ဟေး၊ဒီက လူကြီးမင်း ငါ ပြောပြမယ်.... ၊ မင်းရဲ့မိန်းမကို ဒီလိုပုံစံနဲ့ ချော့လို့မရဘူးလေ။ မင်းက ဘာမှမဟုတ်ဘဲ ငွေစငါးရာကို ဖြုန်းတီးလိုက်ပြီ၊ ဒါပေမယ့် မင်းမိန်းမက မင်းကို အရှုံးသမားလို့ပဲ အပြစ်တင်လိမ့်မယ်။ ကြည့်လိုက်၊ မင်းရဲ့မိန်းမက ဒေါသထွက်နေပြီ မဟုတ်ဘူးလား။ မင်း သူ့ကို ကောင်းကောင်းချော့ရတော့မယ် အာ!"

"တောင်းပန်ပါတယ် မင်းတို့နှစ်ယောက် သူ့ကို ဂရုမစိုက်နဲ့" သခင်မ၏အနားမှ ချောမောသောယောကျာ်းက သူမကို ပွေ့ဖက်လိုက်ပြီး "အားဝူ၊ ပြသနာ မရှာနဲ့" ထို စကားက အပြစ်တင်သောစကားများဖြစ်သော်လည်း လေသံမှာ အလွန်နူးညံ့နေသည်။

လဲ့ကျစ်၏ပါးပြင်များက နီမြန်းလာသည်။ သူမ ခေါင်းကို လှည့်ကာ စုံတွဲဆီသို့ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now