CH- 8

1.8K 206 1
                                    

အခန်း ကျီစားမှု

"အရှုံးမရှိပါဘူး....အာ့" ဟော်တူက "မင်းက ရှန်းချင်းယန်ထက် အများကြီး ပိုလှပါတယ်"

လဲ့ကျစ်က ပြုံးပြီး "အရှင့်သားက ပိုတောင် ကြည့်ကောင်းသေးတယ်" ဟု ပြန်ဖြေလိုက်သည်။

ဟော်တူက ဒါကိုကြားပြီး ရပ်သွားသည်။ လဲ့ကျစ်လည်း သူ့အနားမှာ ရပ်နေဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ သူ့ကို ပဟေဠိဆန်စွာ ကြည့်နေလိုက်သည်။

လရောင်သည် သူတို့၏မျက်နှာပေါ်တွင် ထွန်းလင်းတောက်ပနေပြီး သူတို့နှစ်ဦး၏ ပါးပြင်များကို ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေစေသည်။ ဟော်တူက လဲ့ကျစ်ကို မှီလိုက်ပြီး သူမ၏ခွန်အားကို သုံးကာ တုတ်ကောက်ကို မြှောက်လိုက်သည်။ ထိုနောက် သူ၏ညာခြေထောက်ကို ညင်သာစွာ ပုတ်ပြကာ "ကြည့်ကောင်းတာက အသုံးမဝင်ဘူး၊ ကိုယ်က ခြေမသန်တဲ့သူပဲ"

လဲ့ကျစ်က သူ့ကို တွဲပေးထားရင်း ပြုံးပြီး သူကို သူမအပေါ် အားကိုးအားထားပြုစေခဲ့သည်။ "ဒါက တခြားသူတွေထက် လမ်းလျှောက်နှေးတာလောက်ပါပဲ၊ အဲ့ထက် မပိုပါဘူး"

သူမ၏မျက်လုံးများသည် ရိုးသားပြီး နူးညံ့နေသည်။

ဟော်တူက သူ့စိတ်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

သူက စကားတစ်ခွန်းမှ မပြောတော့ဘဲ သူမကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ သူမနှင့် ခပ်ခွာခွာနေပြီးနောက် တုတ်ကောက်ဖြင့် ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။

အရှေ့နန်းတော်သို့ရောက်ပြီးနောက်၊ ဟော်တူက စာကြည့်ဆောင်ဆီသို့ တန်းတန်းမတ်မတ်သွားပြီး အချိန်အတော်ကြာ ထိုင်နေခဲ့သည်။ ညဥ့်နက်တော့မှ အိပ်ခန်းထဲသို့ ပြန်ရောက်လာသည်။

ကုတင်ပေါ်ရှိလူကတော့ မျက်လုံးမှိတ်ထားပြီးပြီ။ ဟော်တူက အပြင်ဘက်တွင် လှဲလျောင်းနေပြီး သူမကို တိတ်တဆိတ်ကြည့်နေသည်။ သူမမျက်တောင်လေးတွေ တဖျပ်ဖျပ်ခတ်နေတာကို သူမြင်လိုက်ရတာကြောင့် သူမ အိပ်မပျော်သေးဘူးဆိုတာ သိသာနေသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now