CH- 17

1.9K 190 3
                                    

အခန်း ၁၇ ရှာဖွေမှု

နက်မှောင်ပြီး ကျဉ်းမြောင်းသော လမ်းကြားတွင် အသံလေးတစ်ခု ထွက်ပေါ်လာသည်။

"...သခင်မဘက်မှာ အထူးအဆန်းတော့ မရှိပါဘူး"

ထိုသည်မှာ လီယောင်၏ အသံဖြစ်သည်။

"လီယောင်၊ မင်း ရှင်းရှင်းလင်းလင်း မှတ်မိသင့်တယ်" ယောက်ျားကဲ့သို့ ၀တ်ဆင်ထားသော ကျွန်လုလင်က "မင်းရဲ့သခင်က ဘယ်သူလဲ၊ မင်းက သူ့အပေါ် သစ္စာစောင့်သိသင့်တယ်" လို့ လှောင်ပြောင်ပြောဆိုနေသည်။

လီယောင်က နဖူးမှ ချွေးပေါက်များ စိမ့်ထွက်နေချိန်တွင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ၏မျက်နှာသည် ဖြူဖျော့နေပြီး၊ သူမသည် နာကျင်မှုများစွာကို ခံစားနေသကဲ့သို့ မျက်ခုံးမွှေးများကို တင်းကြပ်စွာ တွန့်ချိုးထားသည်။

အစေခံငယ်က တံတွေးကို အနိမ့်ဘက်ကို လှမ်းထွေးလိုက်ပြီး သူ့အင်္ကျီလက်ဝမှ အဖြူရောင် ကြွေပုလင်းကို အဆောတလျင် ထုတ်ယူကာ သူမထံသို့ ပစ်ချကာ "အရှင်က အသုံးမကျတဲ့ လူတွေကို မထောက်ပံ့ဘူး။ အသုံးဝင်တဲ့ အချက်အလက်ကို ရှာမတွေ့ဘူးဆိုရင် နောက်တစ်ကြိမ်မှာ ဖြေဆေးရှိတော့မှာ မဟုတ်ဘူး"

သူက ပြောပြီးသည်နှင့် ခြေထောက်ကို မြှောက်ကာ ထွက်ခွာသွားလေသည်။

လီယောင်က ကြွေပုလင်းထဲမှ အဆိပ်ဖြေဆေးကို တုန်ရီသောလက်ဖြင့် ယူကာ သောက်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ဖြူဖျော့နေသော ပါးပြင်များသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

ရှည်လျားသော ဆောင်းညတစ်ညတွင် သေးငယ်သော လမ်းကြားလေးတွင် ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။ လီယောင်က ဖြည်းဖြည်းချင်း လဲကျသွားပြီး သူမသည် ခွန်အားမရှိသလို နံရံဘေးတွင် ထိုင်လိုက်သည်။ မျက်ရည်များဖြင့် ပြည့်နေသော သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။

အထူးသဖြင့် ပါးစပ်ထဲရှိ ဆေးက ခါးသီးလွန်းနေသည်။ ဒီခါးသီးတဲ့ဆေးက နှလုံးထဲကို ဘယ်လိုဝင်လာနိုင်လဲ။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now