CH- 26

1.7K 173 12
                                    

အခန်း ၂၆ အတိတ်မှဖြစ်ရပ်များ

ယွီဟွာနန်းတော်ရှိ အနီရောင်ဖယောင်းတိုင်က အိပ်ဆောင်ခန်းမကို နွေးထွေးစေသည်။ ဟော်ရှက အတတ်နိုင်ဆုံး ပြုံးဖို့ ကြိုးစားပေမယ့် အိပ်ခန်းထဲကို ဝင်လိုက်တာနဲ့ သူ့ခြေထောက်ကို လေးလံတဲ့ ကျောက်တုံးနဲ့ ချိတ်ထားသလို ခံစားနေရသည်။ သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး အတန်ကြာ ခေတ္တရပ်နေပြီးမှသာ ခြေလှမ်းပြီး ဝင်လာသည်။

ရှန်းချင်းယန်က ယပ်တောင်ဝိုင်းလေးကို ဆုပ်ကိုင်ထားပြီး သူမ၏ နှလုံးသားက မထိန်းနိုင်ဘဲ ခုန်နေလေသည်။

အဲ့တာက ဟော်ရှက သူမ၏လက်မှ ယပ်တောင်ကို လာမကိုင်မချင်းပင်။

သူမ၏ လှပသောမျက်လုံးတစ်စုံက အရေများလဲ့နေပြီး သူမ၏ပါးပြင်များက ရှက်စိတ်ကြောင့် ပန်းနုရောင်ဖြစ်နေသည်။ ရှန်းချင်းယန်က ဟော်ရှကို မကြည့်ဝံ့တော့ဘဲ စိုးရိမ်တကြီးဖြင့် မျက်လုံးကို ငုံ့ထားသော်လည်း ဟော်ရှ၏ အမူအရာတိုင်းကိုလည်း လက်မလွတ်ချင်ပေ။ ဆန့်ကျင်ဘက် စိတ်ခံစားမှုနှစ်ခု၏ ရောယှက်မှုကြောင့် သူမသည် မျက်လုံးများကို မကြာခဏ ပင့်တင်လိုက် ပြန်ချလိုက်နှင့်ဖြစ်နေကာ ဒူးပေါ်တင်ထားသော လက်များကိုပင် ထားစရာနေရာ မရှိတော့ပေ။

နှိုင်းယှဉ်ကြည့်လျှင် ဟော်ရှက ပို၍ လျစ်လျူရှုနိုင်သည်။ သူ့မျက်နှာပေါ်တွင် တစ်ချိန်လုံး နူးညံ့သော အပြုံးရှိနေပြီး သူက ရှန်းချင်းယန်၏လက်ကို ကိုင်ကာ မင်္ဂလာပွဲ အခမ်းအနား ဓလေ့များကို ကျင်းပရန် မင်္ဂလာစားပွဲဆီသို့ လျှောက်သွားခဲ့သည်။

သူမ ကုတင်ပေါ်ပြန်ထိုင်လိုက်ချိန်တွင် ရှန်းချင်းယန်၏ ပန်းနုရောင်ပါးပြင်များက ပိုပိုပြီး နီမြန်းလာသည်။ သူမရဲ့ မော့မော့ ပြောခဲ့သလိုပဲ သူမက ခင်ပွန်းဖြစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်ပွဲဝင်ရမှာလားဟု သူမ တွေးနေခဲ့သည်။

"ပင်ပန်းနေလား?" ဟော်ရှက သူမဘေးမှာထိုင်ပြီး သူမခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ကျွန်မ သည်းခံနိုင်ပါတယ်"

ဟော်ရှက ညင်သာစွာနဲ့ ပြောလိုက်သည်။ "ဒါဆို ဒီနေ့ ကောင်းကောင်းအနားယူပါ"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now