CH- 15

1.9K 210 1
                                    

အခန်း ၁၅ ရိုးသားမှု

လဲ့ကျစ်က ထိတ်လန့်တုန်လှုပ်သွားပြီး "ကျွန်မ... ကျွန်မ ကိုယ်တိုင်လုပ်ပါ့မယ်"

"အဲဒါကို စဉ်းတောင် မစဥ်းစားနဲ့၊ ကိုယ်က တခြားသူတွေကို အကြွေးတင်ရတာ မကြိုက်ဘူး"

သူက မထဘဲ လဲ့ကျစ်၏ ဖိနပ်နှင့် ခြေအိတ်များကို လေးလေးနက်နက် ချွတ်ပေးလိုက်ပြီး သူမ၏ ခြေထောက်များကို ပေါ့ပေါ့တန်တန် မြှောက်ကာ ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် ထွက်ခွာရန် ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်သည်။

"အရှင့်သား!" လဲ့ကျစ်က သူ့ကိုတားဖို့ လှမ်းခေါ်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ?"

"ယခု အရှင့်သားက ကျွန်မကို ယုံယုံ မယုံယုံ ကျွန်မက အရှင့်သားကို သစ္စာရှိရှိနဲ့ ရိုးရိုးသားသား ဆက်ဆံမှာပါ" ခေတ္တနားပြီးနောက် လဲ့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ သတိကြီးကြီးဖြင့် "အရှင့်သား၊ မနေ့ညကလို အရှင့်သားရဲ့ခန္ဓာကိုယ်နဲ့ အဆိပ်စမ်းတာကို ရပ်နိုင်မလား၊ အဆိပ်ကို စမ်းသပ်ဖို့ အခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်..."

မနေ့ညက အဖြစ်အပျက်ကို ထိတ်လန့်သွားသလိုပုံမျိုးနဲ့ ကလေးမလေးရဲ့ လေသံက ဝမ်းနည်းနေခဲ့သည်။

ဟော်တူက ပြုံးပြီး ဘာမှ မပြောပါဘူး။ သူက သူ မလုပ်နိုင်တာကို သဘောမတူလေ့မရှိဘူး။

"လှဲပြီး အိပ်တော့"

သူ ပြန်မဖြေတာကို မြင်တော့ လဲ့ကျစ်က မေးတာကို ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"စောင်ခြုံထား"

လဲ့ကျစ်က ခဏတာ အံ့အားသင့်သွားသည်။ သူမ သူ့ကို အရမ်းစိုးရိမ်နေတာကြောင့် စောင်ခြုံဖို့တောင် မေ့သွားတယ်ပေါ့။ သူမ အနားက စောင်ကို အလျင်အမြန်ဆွဲကာ သူမကိုယ်သူမ ထုပ်ပိုးလိုက်ပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။

ဟော်တူက သူ့လက်ကို မြှောက်ကာ အိပ်ယာဘေးရှိ နံ့သာမီးဖိုထဲသို့ နံ့သာအချို့ကို ပစ်ပေးပြီးနောက် အိပ်ခန်းထဲမှ ထွက်သွားခဲ့သည်။

ရန်သူ့အိမ်ရှေ့စံOpowieści tętniące życiem. Odkryj je teraz