CH- 50

1.5K 144 3
                                    

အခန်း ၅၀ ပွေ့ဖက်ခြင်း

ဝါးအိမ်ထဲတွင် ဆေးရနံ့များ ပြည့်လျှံနေပြီး၊ ထိုအရာက ဟော်တူနှင့်ရင်းနှီးသော ရနံ့ဖြစ်သည်။

သူငယ်ငယ်တုန်းက သူ့ခြေထောက်ကို ဆုံးရှုံးခဲ့ပြီး နောက်ပိုင်းမှာ ပုလောင်အမှုန့်ကို စွဲလန်းလာခဲ့သည်။ သူက အတွေးပေါင်းစုံဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေကာ အိမ်တော်ထဲတွင် သူ့ကိုယ်သူ ကာကွယ်ရန် ပိတ်လှောင်နေခဲ့သည်။

ဒါပေမယ့် တစ်ညမှာတော့ အနက်ရောင် ၀တ်စုံနဲ့ အမျိုးသားတစ်ဦးက တိတ်တဆိတ် ခိုးဝင်လာပြီး သူ့ကို ဒီဝါးအိမ်လေးဆီ ခေါ်လာခဲ့သည်။

ဤလူမှာ ရင်ချန်ရှောဖြစ်သည်။

ဟော်တူက သူ့ကို အံ့အားသင့်စွာ ကြည့်နေခဲ့ပြီး သူ့မျက်နှာမှာ မယုံနိုင်မှုတွေနဲ့ ပြည့်နေခဲ့သည်။ ရင်ချန်ရှော၏ မျက်နှာမှာ အရေးအကြောင်းများ အမှန်တကယ် ရှိနေသည်ကိုကြည့်ရင်း သူ မျက်မှောင်မကြုတ်ပဲ မနေနိုင်ခဲ့ပေ။

ဟော်တူက သူ့ကို အဘိုးကြီးလို့ ခေါ်နေပေမယ့် သူ့အသိစိတ်ထဲမှာတော့ ရင်ချန်ရှောက ဘယ်တော့မှ အသက်ကြီးတော့မှာမဟုတ်ဘူးလို့ အမြဲခံစားခဲ့ရသည်။

တကယ်တော့ သူလည်းပဲ အသက်ကြီးလာပြီလို့ တွေးနေမိသည်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားကြောင်း နားလည်လာသည်။

ဟော်တူက မျက်လုံးများကို အောက်ငုံ့ထားကာ ခဏတာ ခံစားချက်များကို ထိန်းထားလိုက်ပြီး ရင်ချန်ရှော၏ အံ့သြမှုကို လျစ်လျူရှုကာ အနောက်ဘက်အခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ဟော်တူက ဒီကို မရောက်တာကြာပြီဖြစ်ပေမဲ့ ဒီနေရာမှာ သူက သူစိမ်းတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက မဟော်ဂနီဆေးဗီဒိုဆီသို့ တည့်တည့်လျှောက်သွားပြီး အံဆွဲအနည်းငယ်ကို ကျွမ်းကျင်စွာဖွင့်ကာ ဆေးဘက်ဝင်အရွက်အနည်းငယ်ကို ထုတ်ကာ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ညာဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး အံဆွဲကျယ်တစ်ခုကို ဆွဲဖွင့်လိုက်သည်။

ရန်သူ့အိမ်ရှေ့စံحيث تعيش القصص. اكتشف الآن