CH- 62

1.3K 140 1
                                    

အခန်း ၆၂  စိတ်ဆိုးနေတယ်

နွေးထွေးသော အသက်ရှုသံများထွက်ပေါ်လာပြီး လဲ့ကျစ်က ထိတ်လန့်တကြားဖြင့် ခေါင်းငုံ့လိုက်ကာ သူ့အနမ်းက သူမနဖူးပေါ်သို့ ကျဆင်းသွားသည်။ တကယ်တော့ နွေးထွေးမှုအနည်းငယ်သာ ချန်ထားခဲ့သော ပေါ့ပါးသော အနမ်းတစ်ခုသာဖြစ်သည်။

အခန်းအတွင်းတွင် အပူပေးမီးဖို ရှိနေသော်လည်း ညအချိန်မို့ အနည်းငယ် အေးနေသေးသည်။ ဟော်တူက လဲ့ကျစ်ကို ညင်သာစွာ ပွေ့ဖက်ကာ အတူတူ လှဲအိပ်ပြီးနောက် စောင်ကိုဆွဲထုတ်ကာ သူတို့နှစ်ဦးစလုံးအပေါ်ကို ခြုံလိုက်သည်။ ဘုရားကျောင်းထဲက စောင်က နည်းနည်းကြမ်းနေပြီး၊ အိမ်တော်ကစောင်လို မနူးညံဘူး။ လဲ့ကျစ်က လှမ်းကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူမလည်ပင်းကို ကြမ်းရှရှ စောင်စဖြင့် ပွတ်တိုက်မိနေသောကြောင့် အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။

ဒါကိုမြင်တော့ ဟော်တူက သူမခန္ဓာကိုယ်ပေါ်က စောင်ကိုဆွဲယူပြီး သူမလည်ပင်းကို စိုက်ကြည့်နေသည်။ ခဏလေးအတွင်းမှာပင် သူမ၏ ဖြူဖွေးသော အသားအရည်က နီရဲလာသည်။ သူက သိပ်စဉ်းစားမနေဘဲ သူ့ကိုယ်ပေါ်ရှိ ကြက်သွေးရောင်ပေါ်ရုံအင်္ကျီကို ချွတ်ကာ သူမ၏လည်ပင်းကို ဖုံးပေးကာ စောင်ကို ထပ်ခြုံလိုက်သည်။

သူ့အဝတ်အစားတွေက သူမကို ရစ်ပတ်ပေးထားပြီး ရင်းနှီးတဲ့ရနံ့က သူမနှာခေါင်းနားမှာ ပျံဝဲလာတာကြောင့် သူမကို အနည်းငယ်ကြောင်သွားစေသည်။ သို့သော် သူမ ကြောင်တက်တက် ဖြစ်ရသည့် အကြောင်းရင်းကို သူမ မတွေးချင်တော့ပေ။

လဲ့ကျစ်က သူမ၏မျက်လုံးများကို ညင်သာစွာမှိတ်ထားပြီးမှ ပြန်ဖွင့်ပြီးနောက် ရှန်းချင်းယန်၏အရေးကိစ္စများကို ဆက်လက်တွေးတောနေခဲ့သည်။ သူမ စိတ်ထဲတွင်ရှိနေသည့် အစီအစဉ်အားလုံးကို အသေးစိတ် စေ့စေ့စပ်စပ် နှိုင်းယှဉ်ကြည့်နေသည်။

"ဒါပေမယ့် တကယ်လို့များ ရှန်းချင်းယန်က လမ်းတဝက်မှာ သူ(မ)စိတ်ကို ပြောင်းလိုက်ရင်... ကျွန်မတို့အတွက် သိပ်အဆင်မပြေဘူး"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now