CH- 38

1.6K 160 13
                                    

အခန်း ၃၈ ထူးဆန်းတယ်

မိုးရွာပြီးနောက် မြို့ပြင်ရှိဆင်ခြေဖုန်းနေရာများတွင် အလေ့ကျပေါက်နေသော တောရိုင်းပန်းပင်များနှင့် ပေါင်းပင်များကို ရေစက်များက ဖုံးလွှမ်းထားသည်။ တိမ်မည်းတွေ ကွယ်ပျောက်သွားပြီး မနက်ခင်းနေမင်းကြီးက တဖြေးဖြေး ထွက်ပေါ်လာတာကြောင့် ကမ္ဘာပေါ်က အရာအားလုံးကို ပြန်လည်နိုးထလာစေခဲ့သည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် လဲ့ကျစ်၏ လက်များက အနည်းငယ် နာကျင်နေကာ သူမ၏ ခန္ဓာကိုယ်တွင် အမှန်တကယ် အားအင်များစွာ မကျန်တော့ပေ။ သူမက ဟော်တူကို အချိန်အကြာကြီး ဆုပ်ကိုင်ထားသော်လည်း သူက လုံးဝ မတုံ့ပြန်ခဲ့ပေ။

သူမက သူမ သူ့ကို မကြိုက်တာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောရန် သူမ၏ အပြုအမူများကို အသုံးပြုခဲ့သည်။

ဟော်တူက သူမ၏ဆိုလိုရင်းကို နားမလည်နိုင်စရာ အကြောင်းမရှိပေ။ ဒါပေမယ့် သူက မတုံပြန်တဲ့အပြင် သူမကို မယုံကြည်ကြောင်း ပြသနေပြီး သူမ သရုပ်ဆောင်နေတယ်လို့တောင် ထင်ကောင်းထင်နေနိုင်သည်။

လဲ့ကျစ်က ချဉ်နေသောနှလုံးသားဖြင့် သူမ၏လက်ကိုလွှတ်လိုက်ပြီး သူမ၏လက်များကို ဖြည်းညှင်းစွာ ပြန်ချပစ်လိုက်သည်။ ဒါပေမယ့် သူမလက်ဖဝါးက ဟော်တူရဲ့ခါးကိုရောက်သွားတဲ့အခါ သူက သူမလက်ကို ကိုင်ဖို့ သူ့လက်ကို ဆန့်လိုက်သည်။

ဟော်တူ၏ လက်ဖဝါးမှ အပူချိန်က အမြဲတမ်းအေးစက်နေခဲ့သည်။ လဲ့ကျစ်က သူ့လက်ဖဝါးကို ထိလိုက်တိုင်း သူမခံစားရတဲ့ ခံစားချက်ကို ပြန်သတိ‌ရနေပြီး ဒီနေ့က အအေးဆုံးလို့ ခံစားလိုက်ရသည်။

သူက သူမလက်ကို ဆုပ်ကိုင်ထားရင်း တစ်စုံတစ်ခုကို ရှာနေသကဲ့သို့ သူမ၏မျက်လုံးထဲကို အနက်ရောင်မျက်လုံးများဖြင့် နက်နက်နဲနဲ စိုက်ကြည့်နေသည်။

ထိုအချိန်တွင် အန်းရွှယ်က ရထားလုံးတစ်စီးဖြင့် ရောက်လာပြီး သူတို့နှင့် မနီးမဝေးတွင် ရထားလုံးကို ရပ်ထားကာ သူတို့ကို မနှောင့်ယှက်ဘဲ ရပ်စောင့်နေသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now