CH- 9

1.8K 201 3
                                    

အခန်း ၉ ဆုံးဖြတ်ချက်

ဟော်တူက စားပွဲပေါ်ရှိ လေးတံ(မြှားတံ)ကို ကိုင်လိုက်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ လဲ့ကျစ်က သူ့မျက်နှာကို စိုက်ကြည့်နေသည်။

"ဒီမင်းသားရဲ့ မျက်နှာက အရမ်းလှတယ် ဒါပေမယ့်..." သူက လဲ့ကျစ်၏ ခါးတစ်ဝိုက်မှ သူ့လက်ချောင်းများကို တင်းကျပ်လိုက်ပြီး သူမ၏ခါးကို ညင်သာစွာ ဖိလိုက်ကာ မျက်ခုံးပင့်ရင်း "ဒီပွဲကို အရင်ကြည့်ရအောင်"

လဲ့ကျစ်သည် အဝေးကို လှမ်းကြည့်ကာ ဇာတ်ခုံ၏ အလယ်ဗဟိုဆီသို့ လှမ်းကြည့်လိုက်သည်။ ချက်ခြင်းပင်၊ လျင်မြန်သောမြှားက သယ်ဆောင်လာသော လေပြင်းသည် သူမ၏ ဘယ်ဘက်နားရွက်ကို ဖြတ်သွားကာ အေးစက်သော ငွေရောင်မြှားသည် ထိုလူ၏ပေါင်သို့ တည့်တည့်တိုးဝင်သွားပြီး သွေးများ စီးကျလာသည်။ ထိုလူက ပါးစပ်ကိုဖွင့်ထားသော်လည်း အသံမထွက်နိုင်ပေ။

ဘာလို့လဲဆိုတော့ သူမှာ လျှာမရှိတာကြာနေပြီ။

စင်မြင့်က သူတို့နဲ့ မဝေးတော့တဲ့ သွေးနံ့တွေက သူတို့ဆီကို ချက်ချင်း ပျံ့လာသည်။

"ဆိုးဝါးလိုက်တာ..." ဟော်တူက စင်ပေါ်ကို မော့ကြည့်ကာ စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။

လဲ့ကျစ်သည် သူမ၏ ပါးစပ်ကို ဖုံးကာ ဗိုက်ထဲတွင် လူးလိမ့်နေသည်။ လွန်ခဲ့သည့်တစ်လခန့်က သွေးဖြင့်ရေချိုးခြင်း ဇာတ်ကွက်အပြီးတွင် သူမသည် လိုက်လျောညီထွေဖြစ်နိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုအချိန်အထိ သွေးနံ့ကြောင့် မအီမသာဖြစ်နေဆဲဖြစ်သည်။

သူမ ခေါင်းကို လှည့်ကာ မကြည့်ချင်တော့ပါ။

"ခံနိုင်ရည်ရှိဖို့ အရမ်းခက်တယ်...အာ..." ဟော်တူက သူမ၏ ကျောကို ညင်သာစွာ ပွတ်သပ်ပေးပြီး သူမ၏ ချွေးများ စိုစွတ်နေသော လက်ဖဝါးထဲသို့ လေးကို တွန်းပို့လိုက်သည်။ "မင်း သူ့ကို မနာကျင်စေချင်ရင် မြန်မြန်သေခိုင်းလို့ရတယ်" ဟု ပြောရင်း တိုးတိုးလေး ရယ်မောနေသည်။

ထိုစကားကို ပြောပြီးသောအခါတွင် သူက သူ့လက်ဖဝါးကို လဲ့ကျစ်၏လည်ပင်းနောက်ဘက်သို့ ရွှေ့ကာ အားပေးမှုကို ပြသရန် ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now