CH- 68

1.2K 146 6
                                    

အခန်း ၆၈ အဆင်မပြေဘူ

လဲ့ကျစ်က သူမ၏ နှုတ်ခမ်းကို အသာအယာကိုက်လိုက်ရာ သူမ၏ နှလုံးသားက တင်းတင်းကျပ်ကျပ် ညှစ်ထားခံရသလိုဖြစ်‌နေသည်။

"... ရှင်... ခိုးနားထောင်နေတယ်!" သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ရှင်းရှင်းပြောရရင် သူမနဲ့လိုက်ချင်လားလို့ မေးတဲ့အခါ သူက ချက်ခြင်း ငြင်းခဲ့သည်။ သူမနောက်ကို ခုလို တိတ်တဆိတ် လိုက်လာမယ်ဆိုတာ ဘယ်သူက သိမှာလဲ။

ဟော်တူက ဂရုမစိုက်ဘူး။ သူက စိတ်အေးလက်အေး ပြန်မေးနေသေးသည် "ဒါဆို...."

"သူ(မ)ထင်သလိုပဲ!" လဲ့ကျစ်က ရုတ်တရက် ထရပ်ကာ ခြေထောက်ကို ဒေါသတကြီး စောင့်နင်းကာ လျှောက်သွားရင်း "သူ့ကို အရမ်းကြိုက်တယ်" ဟု ဒေါသတကြီး ပြန်ပြောလိုက်သည်။

စကားဆုံးသွားတာနဲ့ သူမက သူ့ရှေ့သို့ လှမ်းလာခဲ့သည်။ လျှို့ဝှက်လမ်းရှိ အလင်းရောင်က မှိန်ဖျော့နေပြီး ဟော်တူက သူမ၏ပါးပြင်များကို အနည်းငယ် မသိသာစွာ ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းသား တင်းတင်းကျပ်ကျပ် ဖိထားတာကို မြင်ရုံသာ မြင်လိုက်ရသည်။

သူ့ကို တိတ်တိတ်လေး မေးနေသလိုပဲ...

ကျေနပ်လား?

ကျေနပ်လား....

အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ။

ထိုညတွင် သူမက သူ့ကို မှီကာ နားထဲသို့ ဆန့်ကျင်ဘက် စကားများပြောခဲ့သည်။ ထိုစကားလုံးတိုင်းကို သူ ရှင်းရှင်းလင်းလင်း ကြားနေခဲ့သည်။ ဒါပေမယ့် သူ လောဘကြီး လာတယ်လေ... အထေ့အငေါ့တွေကို နားထောင်ရုံနဲ့ ဘယ်လို ကျေနပ်နိုင်တော့မလဲ။

ဒီလိုမှိန်ဖျော့တဲ့အခြေအနေမှာ ဒေါသသံနဲ့ပြောနေတာဆိုရင်တောင် ကောင်းနေသေးတယ်လေ။ သူက သူမအပေါ် အရမ်းစိတ်ရှည်ပါတယ်။ တစ်နေ့မှာ တောက်ပသော မီးရောင်အောက်တွင် အပြုံးတစ်ခုဖြင့် သူမက ထိုစကားကို ပြောလာလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

"ကောင်းပါပြီ" ဟော်တူ၏အပြုံးက ပိုအားကောင်းလာသော်လည်း သူ၏လေသံမှာ အလွန်ဝန်လေးနေပြီး "ပြန်ကြရအောင်"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now