CH- 18

1.8K 180 12
                                    

အခန်း ၁၈ ရိုးသားမှု

တစ်ခါတရံတွင်၊ ဟော်တူက အသစ်အဆန်းကို ခံစားရသည်။

ဤသည်မှာ သူဂရုမစိုက်သော အိမ်ထောင်ရေးမှ အခွင့်ကောင်းဖြစ်ပြီး ဤလူကို ယခုအချိန်အထိ မချန်ထားခဲ့သင့်ပေ။ သို့သော်၊ သူမက သူ့ရင်ခွင်ထဲတွင် သဘာဝအတိုင်း ထိုင်နေပြီး... သူ့ကို ပရောပရည်လုပ်နေနိုင်သည်။ သူမမှာ ရည်ရွယ်ချက်တစ်ခုရှိပေမယ့် သူမက လေးလေးနက်နက်လုပ်နေတုန်းပါပဲ။

ဤသည်မှာ လဲ့ကျစ်၏ အထူးခြားဆုံးအပိုင်းဖြစ်သည်။ သူမက ထက်မြက်ပြီး လိမ္မာပါးနပ်သော်လည်း မာနကြီးသော ဟန်ဆောင်မှုမျိုးမရှိဘဲ လုံး၀ကို စိတ်သဘောထားပွင့်လင်းသည်။ ထို့အတွက်ကြောင့် ဟော်တူက သူမ ဘာလုပ်ချင်သည်ကို ပို၍ပင် သိချင်လာသည်။ တစ်နည်းဆိုရသော် ယခု သူမတွင် ဘာမှမရှိသည့်အတွက် သူမ ဘယ်အထိ သွားနိုင်မလဲဆိုတာကို သူ သိချင်သည်။

ထို့ကြောင့် သူက သူမကို အနည်းငယ်မျှသော ကရုဏာဖြင့် ကူညီရန် ဆန္ဒရှိခဲ့သည်။ အဲ့တာက ကြောင်ကို အရူးလုပ်ရတာထက် ဒါက ပိုပျော်စရာကောင်းတာ မဟုတ်ဘူးလား။

ဟော်တူ၏ခါးပတ်က ရှုပ်ထွေးသောအထုံးပုံစံဖြင့် ချည်နှောင်ထားပြီး လဲ့ကျစ်ကို ဖြည်ရန် အချိန်အတော်ကြာစေခဲ့သည်။ စိတ်ထဲမှ စိုးရိမ်စိတ်ကြောင့် နဖူးမှ ချွေးအနည်းငယ် ရွှဲလာသည်ကို သူမ သတိမထားမိလိုက်ပေ။

ခါးပတ်က ပြုတ်ကျပြီး အင်္ကျီက လျောကျသွားတယ်...

ထိုအချိန်တွင် အေးစက်သော အဖြူရောင်လက်တစ်စုံက သူမလက်ကို ညင်သာစွာ ချုပ်နှောင်လိုက်သည်။ လဲ့ကျစ်က မျက်လုံးများကို မော့ကြည့်လိုက်ရာ ဟော်တူ၏ ပြုံးနေပုံရသော်လည်း မပြုံးသော မျက်လုံးများကို တွေ့လိုက်ရသည်။

"မင်းက ဒီမင်းသားကို ဟော်ရှရဲ့ သူလျှိုကို ကယ်စေချင်တာလား?" ဟော်တူက သူမ၏လက်ကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်လိုက်ပြီး "ထိုက်ဇီဖေးက ဒီမင်းသားကို အရူးလို့ ထင်နေတာလား"

လဲ့ကျစ်က အနည်းငယ် လန့်သွားပြီး ချက်ချင်း ခေါင်းခါလိုက်ပြီး "လီယောင်က.... မဟုတ်ဘူး..."

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now