CH- 13

1.7K 205 5
                                    

အခန်း ၁၃ အရူး....သူကရူးနေတာ...

လေအေးက တောထဲက ဇီးပန်းအမွှေးနံတွေကို ဖြန့်ကျက်သယ်ဆောင်လာပေမယ့် ဒီဇီးပန်းရနံ့က သူမခန္ဓာကိုယ်ပေါ်ရှိ ဇီးပန်းပွင့်ဝိုင်နံ့ကို မဖုံးကွယ်နိုင်ခဲ့ဘူး။

"အင်း..." လဲ့ကျစ်က ရှက်ကိုးရှက်ကန်းဖြင့် မျက်လုံးကို အောက်ငုံ့ကြည့်ရင်း မျက်နှာက ပိုနီလာကာ တိုးတိုးလေး ပြောလိုက်သည်။

"သုံးခွက်ပဲ သောက်တာပါ"

ဟော်တူက သူမ ဆုပ်ကိုင်ထားသော လက်ကို ဖယ်ချရန် စိတ်မ၀င်စားပေ။ သူက သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ဖဝါးကို သူမလည်ပင်းနောက်ဘက်တွင် တင်ကာ သူမကို သူနှင့် ပိုမိုနီးကပ်လာစေရန် အနည်းငယ် အားထုတ်လိုက်သည်။

သူမ၏လည်ပင်းသို့ရောက်လာသော အအေးဓာတ်က လဲ့ကျစ်ကို တုန်လှုပ်သွားစေပြီး ထိတ်လန့်တကြားဖြင့် မျက်လုံးများကို ပင့်တင်လိုက်သည်။ ဟော်တူ၏ မက်မွန်ပွင့်မျက်လုံးများကို အနီးကပ်မြင်နေရသောကြောင့် သူ့မျက်လုံးများထဲတွင် သူမ၏ကြောက်ရွံ့တုန်လှုပ်နေသော ပုံရိပ်ကို မြင်နိုင်သည်။

ဒါကိုမြင်တော့ ဟော်တူရဲ့မျက်နှာက အပြုံးတစ်ခု ပေါ်နေပေမယ့် သူ့မျက်လုံးထဲမှာတော့ ဘာခံစားချက်မှ ရှိမနေဘူး။ သူက သူ့ရှေ့က မူးဝေနေတဲ့ ညှို့ယူနိုင်သော မြေခွေးမျက်လုံးလေးတွေကို ကြည့်ပြီး "တတိယညီတော်နဲ့ ကိုယ့်နဲ့ကြားမှာ မင်းက ကိုယ့်ကို ရွေးချင်တာလား" ဟု မေးလိုက်သည်။

သူက တိုက်ရိုက်မေးလိုက်တော့ လဲ့ကျစ်၏ နှလုံးသားကို တည်ငြိမ်သွားစေသည်။ သူမက ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြီး "ဟုတ်ကဲ့" လို့ အခိုင်အမာ ဖြေလိုက်သည်။

ဟော်တူက သူမ၏စကားများ မည်မျှမှန်သည်ကို ပိုင်းခြားသိမြင်ရန် ကြိုးစားနေသကဲ့သို့ သူမ၏မျက်လုံးများကို ဂရုတစိုက် ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက လက်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ကုလားထိုင်နောက်ဘက်သို့ ပျင်းရိစွာ ပြန်မှီကာ ရယ်မောနေသည်။ "ဟော်ရှက မင်းကို ဘယ်လိုအခြေအနေတွေအတွက် ကတိပေးခဲ့လဲ၊ သူ့အတွက် မင်းကို ဘာလုပ်ပေးစေချင်တာလဲ"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now