CH- 5

2K 202 3
                                    

အခန်း ၅ ကြောင်ထော့ကျိုး

"ကျွန်မ....."

လဲ့ကျစ်က မျက်လုံးကို အောက်စိုက်ထားရင်း ပြောစရာ စကားများ ပျောက်ဆုံးနေခဲ့သည်။ အရင်တုန်းကတော့ သူမက ရယ်မောနေတက်ပြီး သူများတွေ ဒုက္ခရောက်အောင် နောက်‌ပြောင်ရတာကို နှစ်သက်ပေမယ့် အခုတော့ စာကြောင်းတစ်ကြောင်းကို မဖြေခင် အချိန်တိုင်း ခေါင်းထဲမှာ တွေးနေရသည်။

ဟော်တူက ငွေဇွန်းကို ကောက်ကိုင်လိုက်ပြီး ဟင်းတစ်ပန်းကန်ကို ဖြည်းညှင်းစွာ ဖြည့်လိုက်ပြီး သူမဆီသို့ ကမ်းပေးလိုက်သည်။ "မနေ့ညက ဖြစ်ခဲ့တဲ့ကိစ္စကြောင့် ဆိုရင် ကိုယ် တောင်းပန်ပါတယ်၊ ကိုယ် ထပ်မလုပ်တော့ပါဘူး"

လဲ့ကျစ်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး သူ့ရဲ့ မက်မွန်ပွင့် မျက်လုံးတွေကို ကြည့်လိုက်တော့ သူ့မျက်ဝန်းမှာ ရိုးသားမှု အပြည့်နဲ့ပါ။ သူ့မျက်လုံးများတွင် တောင်းပန်မှု အရိပ်အယောင်နှင့် သူ့မျက်နှာပေါ်တွင် အပြစ်ရှိကြောင်း အရိပ်အယောင်များ ရှိနေသည်။

နှစ်ပေါင်းများစွာကြာပြီး လဲ့ကျစ်က လကို ကြည့်ဖို့ သူ့ပခုံးကို မှီထားတဲ့အခါ ဒီမြင်ကွင်းကို ပြန်သတိရတဲ့အချိန်ဆိုရင် သူမ မရယ်ပဲ မနေနိုင်ခဲ့ပါဘူး... ဒီလူသားက အားကိုးလောက်ပါပေတယ်.....

ယခုအချိန်တွင်တော့ ဟော်တူတွေးနေသည့် အရာကို သူမ မသိနိုင်ခဲ့ပေ။

သူမ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ သူ့အနားကို ရောက်လာပါစေ ခုချိန်မှာ အေးအေးဆေးဆေး အသက်ရှူနေနိုင်တာက တကယ်ကို ကြည်နူးဖို့ကောင်းနေပြီ။

သူမက အမြန်သေဖို့ ထိုက်တန်ပါတယ်။

ဟင်းချိုသောက်ပြီးနောက် လဲ့ကျစ်က ပြုံးပြပြီး မျက်တောင်ပေကလပ်ပေကလပ်နဲ့ "အရှင့်သားနဲ့ ကျွန်မက ခင်ပွန်းနဲ့ ဇနီးပါ၊ ကျွန်မ အရှင့်ကို အပြစ်မတင်ပါဘူး၊ အရှင့် မစိုးရိမ်ပါနဲ့"

ဟော်တူက သူ့နှုတ်ခမ်းကို တွန့်ပြီး ပိုလို့တောင် ပြုံးပြနေသည်။

ထိုရင်သပ်ရှုမောဖွယ် အလှတရားတွင် မျှော်လင့်ထားသည့်အတိုင်း စကားပြောနိုင်သော ဆွဲဆောင်မှုရှိသော မြေခွေးမျက်လုံးတစ်စုံရှိနေသည်။ ဒီကမ္ဘာကြီးမှာ ဘယ်ယောကျာ်းကမှ အဲ့လို အလှတရားရဲ့ပရိယာယ်ကနေ မလွတ်မြောက်နိုင်ပါဘူး...ဟုတ်တယ် မဟုတ်လား။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now