CH- 97 (Extra-1)

1.5K 131 4
                                    

အခန်း ၉၇ (ချပ်ပို ၁) ပူရှိန်း(mint)သကြားလုံးချိုချိုလေး

ဟော်တူ ထီးနန်းဆက်ခံပြီးနောက် မဟာချီတိုင်းပြည်၏အမည်ကို တာ့ရှင်းဟု ပြောင်းလဲကာ နန်းစံနှစ်အမည်မှာ ရှင်းဟယ် ဖြစ်လာသည်။

ထိုအချိန်မှစ၍ စာမျက်နှာအသစ်တစ်ခု စတင်ခဲ့သည်။ ပြင်းထန်သော တိုက်ပွဲ အမျိုးမျိုးတို့က အတိတ်မှ ဖြစ်ရပ်များသာ ဖြစ်လာခဲ့ပြီး နန်းတော်က အခွန်များ လျှော့ချပေးကာ ပြည်သူကို အကျိုးပြုသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ရှင်းဟယ်တတိယနှစ်တွင်၊ တာ့ရှင်းက အခြားတိုင်းပြည်သုံးခုနှင့်ပူးပေါင်းခဲ့ပြီး လူများကို ပိုမိုတိုးတက်ချမ်းသာလာစေကာ တိုင်းပြည်ကလည်း ပိုမိုအင်အားကောင်းလာသည်။ အိမ်နီးချင်းတိုင်းပြည်များက မရပ်မနား ချီးမွမ်းကြပြီး အခြားတိုင်းပြည်မှ လူမျိုးများကလည်း လာရောက်အခြေချနေထိုင်ကြသည်။

ထိုနှစ်တွင် လဲ့ယုက ထီးနန်းဆက်ခံခဲ့သော်လည်း ရှစ်နှစ်အရွယ်သာရှိသေးသော ဧကရာဇ်အသစ်က လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့သည်။

ထို့နောက် မဟာရှင်းမင်းဆက် ထွန်းကားသော ကာလ၏ အစ ဖြစ်လာခဲ့သည်။

တောင်ဘက်ရှိ ဖန်အန်းမြို့....

တစ်နှစ်ပတ်လုံး နွေဦးရာသီလို ရာသီဥတုရှိပြီး ပန်းတွေ ဖူးပွင့်ကာ ငှက်တွေ ရွှင်မြူးစွာ တေးဆိုနေတဲ့ ဒီတောင်ပိုင်းမြို့ငယ်လေးက အေးချမ်းသာယာပြီး လှပတဲ့ ရိုးရာဓလေ့ထုံးစံတွေ ရှိနေခဲ့သည်။

အခုဆို မြို့ထဲမှာ အရမ်းဆန်းသစ်တဲ့ သကြားလုံးဆိုင်တစ်ဆိုင် ဖွင့်ထားပြီး ရောင်းတဲ့သကြားလုံးတွေက အရသာရှိရုံတင်မကဘဲ လှလည်းလှပသည်။ သကြားလုံးများကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်ထားသောကြောင့် မြို့တွင်းရှိ ကလေးငယ်များက ထိုဆိုင်နှင့်ဝေးရာသို့ ထွက်ခွာသွားနိုင်ခြင်း မရှိပေ။ ဒါတင်မကသေးဘဲ၊ ဒီသကြားလုံးမှာသုံးတဲ့ ပါဝင်ပစ္စည်းတွေက ပိုတောင် ကောင်းနေသေးသည်။ လောဘကြီးစွာ စားမိရင်တောင် သွားပိုးစားစေမှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးက မိဘတွေကို ပိုပြီးတော့ စိတ်ချမ်းသာစေတာပေါ့။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now