CH- 82

1.3K 134 8
                                    

အခန်း ၈၂ အရူး

ရေချိုးခန်းထဲတွင် ပူနွေးသော အခိုးအငွေ့များဖြင့် ပြည့်နှက်နေပြီး ရေချိုးကန်ထဲတွင် အနီရောင်တောက်တောက် နှင်းဆီပွင့်များ လွင့်မျောနေကာ အခန်းတွင်းတွင် ပြည့်လျှံနေသော ရေငွေ့များက ပွင့်ချပ်များပေါ်သို့ ရေပုတီးစေ့များကို ဖန်းတီးပေးနေသည်။

လဲ့ကျစ်၏ ဖြူဖွေးသော ကျောပြင်က သူ့ရင်ဘတ်နှင့် ညင်သာစွာ ထိကပ်နေပြီး သူမ၏အသိစိတ်မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေကာ အချိန်အတော်ကြာသွားပြီးသော်လည်း သူမက အနည်းငယ် မောဟိုက်နေသေးပြီး အသက်ဝဝရှူနိုင်ရန် ချိန်ညှိနေရဆဲ ဖြစ်သည်။

ထိုမြင်ကွင်းက သူမစိတ်ထဲတွင် တဖြည်းဖြည်း ပြန်ပေါ်လာသည်။ ကနဦး တုန်လှုပ်ချောက်ချားမှုနှင့် ထိတ်လန့်မှုများတွင် သူမ ခံစားရသည့် နာကျင်မှုအနည်းငယ်က ဟော်တူ၏ စည်းချက်အတိုင်း လှုပ်ရှားမှု‌ကြောင့် တဖြည်းဖြည်း ဖြေလျှော့သွားခဲ့သည်။ သူမက အံ့သြဖွယ်ကောင်းသောနေရာသို့ ဝင်ရောက်သွားမိပုံရသည်။

သူမ တစ်ခါမှ ခြေမချဖူးသော ထူးဆန်းသောကမ္ဘာတစ်ခုဖြစ်နေခဲ့သည်။

"အဲ့တာကို ပြန်တွေးနေသေးတာလား"

ပါးလွှာသော အသက်ရှူသံက သူမ၏ နားစည်များကို ပွတ်တိုက်သွားပြီး သူမကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

"မပြောနဲ့..." သူမက ပူနွေးသောအငွေ့အသက်ကြောင့် ရှက်သွားပြီး သူမ၏ခါးတစ်ဝိုက်မှ ဟော်တူ၏လက်မောင်းကို တွန်းရန် သူမ၏လက်ကို ဆန့်တန်းလိုက်သည်။

ယင်းအစား ဟော်တူက သူမကို ပို၍ပင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

"ဟက်... ကိုယ့်ကို ပွေ့ဖက်ခွင့် မပေးတော့ဘူးလား" ဟော်တူက သူ့အသံမှာ ကျန်နေသေးတဲ့ အပူတွေနဲ့ တိုးတိုးလေး ပြောလိုက်သည်။ သူက သူမ၏ ကျောပြင်အပေါ်ပိုင်းရှိ လိပ်ပြာပုံ အရိုးနေရာကို သူ့၏လက်ချောင်းဖြူဖြူများဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေကာ နွေးထွေးသော နှုတ်ခမ်းများက သူမ၏ ဖြူဖွေးသော ပုခုံးပေါ် ဖိကပ်ထားရင်း "အခုန ကိုယ့်ကို မလွှတ်ပေးဘဲ ကိုင်ထားတာ ဘယ်သူလဲ"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now