CH- 27

1.6K 164 5
                                    

အခန်း ၂၇ အစ်

"မြောင်~"

ကြောင်လေးက ရုတ်တရက် ကောက်ကိုင်ခံလိုက်ရသည်။ သူ့၏ခြေထောက်များကို လေထဲသို့ မြှောက်ခံလိုက်ရပြီး ဟော်တူ၏လက်များထဲသို့ ခိုင်မြဲစွာ ကျရောက်သွားသည်။ ထော့ကျိုးလေးဟော်က ခေါင်းကို အလျင်အမြန် ငြိမ့်လိုက်ပြီး ကုတင်ပေါ်ရှိ လဲ့ကျစ်အား စိတ်အားထက်သန်စွာ မျက်လုံးဝိုင်းဝိုင်းလေးနှင့် စိုက်ကြည့်နေသည်။

ခဏကြာတော့ သူ မြေကြီးပေါ် ချခံလိုက်ရသည်။ စိတ်ပူပြီး မကျေမနပ်ဖြစ်နေသော သန်မာထွားကျိုင်းသော နှင်းဖြူလုံးလေးက ကုတင်ပေါ်သို့ ခုန်တက်ရန် သူ့ခြေဖဝါးကို ဆွဲဖြန့်လိုက်ပြန်သည်။ ဒါပေမယ့် လက်တစ်ဖက်က သူ့ရဲ့ဖြူဖွေးနူးညံ့တဲ့ နဖူးပေါ်ကို ဖိထားလိုက်သည်။

"ဒီရက်အနည်းငယ်အတွင်း မင်းကို အိပ်ယာထဲဝင်ခွင့် မပေးဘူး"

သူ့လေသံက အလျော့မပေးဘူးဆိုတဲ့သဘော။

နှင်းဖြူလုံးလေးက မကျေမနပ်ဖြစ်နေသော်လည်း ကုတင်စောင်းတွင် နာခံစွာ လှဲနေသေးသည်။

ဟော်တူက ဆေးသေတ္တာကို ယူလာသောအခါ၊ လဲ့ကျစ်၏ နဂိုက ဖျော့တော့သောပါးပြင်များက ထူးထူးခြားခြား နီရဲလာသည်။ သူကုတင်ပေါ်တွင်ထိုင်ကာ သူမနဖူးကိုထိရန် လက်ဆန့်လိုက်သည်။

သေချာတာကတော့ သူမ အဖျားတက်နေခဲ့ပြီ။

အိပ်ခန်းရှိ အပူပေးမီးဖိုက ပြင်းပြင်းထန်ထန် တောက်လောင်နေပြီး ငွေရောင်မီးသွေးများ လောင်ကျွမ်းသံက ရံဖန်ရံခါ အသံ အနည်းငယ်ထွက်နေသည်။ လဲ့ကျစ်ဒဏ်ရာရပြီးကတည်းက အိမ်တွင်းရှိ အပူပေးမီးဖိုကို ရပ်တန့်မထားခဲ့ပေ။

ဟော်တူက စောင်ကို ရုတ်လိုက်ပြီး လဲ့ကျစ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

သူ့မျက်နှာသည် တခဏအတွင်း ပျက်ယွင်းသွားပြီး လဲ့ကျစ်၏ အင်္ကျီလက်စများကို တိုက်ရိုက်တွန်းထုတ်တင်သည်။ သူမလက်မောင်းကလည်း အတူတူပါပဲ။ သူမ၏တစ်ကိုယ်လုံး ရေခဲအခန်းထဲမှ ထွက်လာသလို ဖြစ်နေပြီး သူမ၏နဖူးကတော့ ပူလောင်နေလေသည်။ ရေခဲနှင့်မီးက သူမခန္ဓာကိုယ်ထဲတွင် အတူတူ စီးဆင်းနေပုံရသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now