CH- 33

1.6K 163 6
                                    

အခန်း ၃၃ ဒေါသ

လဲ့ကျစ်က ရှဖေးထိုင်၏တံခါးဝဆီသို့ လှမ်းကြည့်လိုက်ပြီး မှောင်မဲနေသော ကောင်းကင်ကို မော့ကြည့်လိုက်ပြန်သည်။

နေ့ခင်းဘက်ဖြစ်နေသည်မှာ သိသာထင်ရှားနေသော်လည်း မိုးသည်းထန်စွာရွာနေသကဲ့သို့ ကောင်းကင်က မီးခိုးရောင်ဖြစ်နေသည်။

ရန်ဟမ့်က ရှဖေးထိုင်၏ ပင်မခန်းမဆောင်အလယ်တွင် မှုန်မှိုင်းသောမျက်နှာဖြင့် ထိုင်နေသည်။ သူ့မျက်လုံးများက တိမ်ထူနေသလို မှိုင်းဝေနေပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများကလည်း အနည်းငယ်ဖြူနေသည်။ သူ၏ တက်ကြွမှုက သိသိသာသာ ပျက်စီးသွားခဲ့သည်။ သူက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ထောင်စောင့်အုပ်စုတစ်စုကို စိုက်ကြည့်နေပြီး သူတို့၏မျက်နှာပေါ်တွင် ရွဲ့စောင်းသည့်အကြည့်မျိုး ရှိမရှိကို အသေအချာ ပိုင်းခြားဝေဖန်နေသည်။ အဲ့လို အမူအရာ နည်းနည်းလေးရှိနေရင်တောင် စံနမူနာ အနေနဲ့ သတ်ပစ်ရလိမ့်မည်။

လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးပြီးနောက် ရန်ဟမ့်ရဲ့ စိတ်နေစိတ်ထားက ပိုပိုပြီး ဆိုးသွမ်းလာခဲ့သည်။

ထိုက်ဇီဖေး ရောက်လာကြောင်း သတင်းပို့ရန် အပြင်ဘက်မှ အစောင့်တစ်ဦး ဝင်လာသည်။

ဟော်ရှက လဲ့ကျစ်ကို လာရောက်လည်ပတ်ခွင့် ပေးထားကြောင်း ရန်ဟမ့်က သိနေသောကြောင့် လုံးဝ မအံ့သြပေ။ သူမ ဒီနေ့လာမည်ဆိုပါက လတစ်လ၏နောက်ဆုံးအကြိမ်အတွက် ဖြစ်သည်။

အိုး၊ ဘာအတွက်လဲ။

သူ ပြန်လည်သက်သာလာချိန်တွင် ရန်ဟမ့်က သူ့ကို အန္တရာယ်ပြုခဲ့သူကို စုံစမ်းစစ်ဆေးရန် အကောင်းဆုံးသူလျှိုများကို စေလွှတ်ခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ရပေ။ သူက ရှန်းယိစစ်တပ်၏ လက်ထောက်တပ်မှူးအဖြစ် လူအများနှင့် ရန်ငြိုးဖွဲ့ထားသော်လည်း ထိုလူများက သူ့ကို ဘာမှ မလုပ်ဝံ့ကြောင်း သူသိသည်။

မကြာသေးမီက တိုင်းပြည်ကို ဖျက်ဆီးခံခဲ့ရသည့် ညီအစ်မ နှစ်ယောက်ဖြစ်နိုင်သည်ဟု သူ သေသေချာချာ တွေးထားမိသည်။ သူတို့က သူ့အပေါ် အလွန်အမင်း အာဃာတ ဖြစ်နေမှာ မဟုတ်လား။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now