CH- 54

1.4K 147 2
                                    

အခန်း ၅၄အချိန်စီးနင်းမှု

ညဘက်တွင်ထိုက်ဇီ အိမ်တော်ကို ဝန်းရံရန်မှာ အသေးအဖွဲကိစ္စတော့ မဟုတ်ပေ။ ဒါပေမယ့် အထောက်အထား ခိုင်ခိုင်လုံလုံရနိုင်ဖို့ အဓိကသော့ချက်က ခိုးရာပါပစ္စည်းတွေနဲ့ တချိန်တည်း ဖမ်းမိဖို့ပါပဲ။

ဟော်ရှက သေသေချာချာ ရွေးထားတဲ့ စစ်သည်တွေကို ထိုက်ဇီ စံအိမ်တော်ထဲကို ဖောက်ဝင်ခွင့်ပြုဖို့ အဲ့ညမှာပဲ အမိန့်ပေးလိုက်သည်။ နောက်ဆုံးတော့ သူ့နှလုံးသားထဲက တုန်လှုပ်ချောက်ချားမှုကို ဖယ်ရှားနိုင်တော့မည်။

ဟော်တူက သူ၏ဘီးတပ်ကုလားထိုင်ကို အိမ်ရှေ့ခြံဝင်းဆီသို့ ဖြည်းညှင်းစွာတွန်းလာပြီး အိမ်တော်၏အစောင့်များနှင့် ဟော်ရှ၏တပ်သားများသည် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် နှုတ်ခမ်းကို ကော့ကာ ရယ်မောလိုက်သည်။

"တတိယညီတော်က ညဉ့်နက်မှ ရောက်လာတယ်လား??? ဒါက...?"

ကြက်သွေးရောင် ညဝတ်အင်္ကျီအပေါ်မှာ လရောင်အပေါ်ရုံအင်္ကျီကို လွှမ်းခြုံထားပြီး အင်္ကျီအရှေ့ဘက်တွင် အနည်းငယ် ဖျော့ဖျော့ဖြစ်နေသဖြင့် ညအမှောင်က သူ့အသားအရေကို ပိုဖြူလာစေသည်။

ဟော်ရှက ဟော်တူ၏ ဘာမှဂရုမစိုက်သလို အေးဆေးသောအသွင်အပြင်ကို အမုန်းဆုံးဖြစ်သည်။ သူက သူ့စိတ်ထဲတွင် လှောင်ရယ်နေပေမယ့် သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။ " ညဉ့်နက်မှ အရှင့်သားကို နှောင့်ယှက်ဖို့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေပါတယ်၊ မနေ့က အစ်ကိုတော်က လီတိုင်းပြည်က အကြွင်းအကျန်ကို ဖမ်းဆီးလိုက်တယ်လို့ ကြားပေမယ့် အစ်ကိုတော်က ခမည်းတော် ဧကရာဇ်ဆီကို သတင်းမပို့ဘူး၊ အဲ့တာကြောင့် အတည်ပြုဖို့ ဒီနေရာကို တမင်လာခဲ့တာပါ၊ အစ်ကိုတော်က အဲ့လိုမိုက်မဲမှုမျိုးကို မလုပ်လောက်ဘူးမလား"

ဒါကိုကြားတော့ ဟော်တူက သဘောတကျရယ်နေပြီး "အခြေအမြစ်မရှိတဲ့ ကောလဟာလတွေကြောင့် ညီတော်က ဒီမင်းသားရဲ့အိမ်တော်ထဲကို ဖောက်ဝင်ဖို့ လူတွေခေါ်လာခဲ့တယ်ပေါ့၊ ထိုက်ဇီစံအိမ်တော်ကို ဖောက်ထွင်းဝင်ရောက်မိတဲ့ အကျိုးဆက်တွေကို မင်း တွေးကြည့်ဖူးလား"

ရန်သူ့အိမ်ရှေ့စံNơi câu chuyện tồn tại. Hãy khám phá bây giờ