CH- 95

1.5K 127 3
                                    

အခန်း ၉၅ ချစ်ခင်စုံမက်ခြင်း

လဲ့ကျစ်က အံ့အားသင့်သွားကာ သူမ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ဟော်တူက သူမကို အပြုံးလေးနဲ့ ကြည့်နေပြီး "မယုံဘူးလား?"

အခန်းတွင်းရှိ အပူပေးမီးဖိုက တောက်လောင်နေပြီး၊ လဲ့ကျစ်က သူမ၏ ခန္ဓာကိုယ် ပိုပူလာပြီး ခေါင်းအနည်းငယ် မူးဝေလာသည်ကို ခံစားလိုက်ရသည်။ အဖျားကြောင့်လား ၊ သူ့စကားကြောင့်လားတော့ မသိတော့ပါဘူး။

သူမ၏ ပူလောင်သော ခန္ဒာကိုယနှင့် စိတ်ရှုပ်ထွေးမှုကြောင့် ဖြစ်ပေါ်လာသော ထင်ယောင်ထင်မှားတစ်ခု မဟုတ်ဘူးလား။

သူမ စိတ်ရှုပ်စွာ ခေါင်းညိတ်ပြပြီးနောက် ခေါင်းကို ခါလိုက်ပြန်သည်။

ဟော်တူ၏ မျက်လုံးများထဲမှ အရောင်က တဖြည်းဖြည်း နက်မှောင်လာပြီး သက်ပြင်းချကာ လဲ့ကျစ်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူက သူမ၏ ပျော့ပျောင်းသော ဆံပင်များကို လက်ဖဝါးဖြင့် ပွတ်တိုက်နေကာ သူ့၏နွေးထွေးသော နှုတ်ခမ်းများကို သူမနားရွက်ထိပ်ဆီသို့ ဖိကပ်လိုက်ကာ "ဒါကို နေ့တိုင်း နေ့တိုင်း တနေ့တခါ ပြောပေးလို့ ရပါတယ်"

သူ့အသက်ရှုသံက သူမကို နွေးထွေးစေပြီး နောက်ဆုံးမှာတော့ လဲ့ကျစ်က တကယ်ဆိုတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ သူမက သူမပါးပြင်ကို သူ့လည်ပင်းမှာ မြှုပ်နှံလိုက်သည်။

"ဒီနေ့ ရှင်က ကျွန်မကို ကြောက်လန့်စေတယ်"

သူမအသံက မသံမကွဲ ဖြစ်နေပေမယ့် ကြေကွဲမှုများ ပြည့်နှက်နေလေသည်။

"အဲဒါ ကိုယ့်အမှားပါ" ဟော်တူက သူမကို နောက်ကျောကနေ ပွေ့ဖက်ပေးလိုက်ကာ နွေးထွေးသောလေသံဖြင့် "ဘယ်တော့မှ ထပ်မစေရပါဘူး" ဟု အာမခံလိုက်သည်။

အချိန် အတော်ကြာပြီးနောက် လဲ့ကျစ်က "အမ်း" ဟု ပြန်ပြောကာ သူ၏လည်ပင်းကို သူမ၏နူးညံသောပါးပြင်နှင့် ညင်သာစွာ ပွတ်သပ်နေသည်။

ဟော်တူ၏ မျက်လုံးများက တဖြည်းဖြည်း ပြုံးလာပြီး "ကိုယ့်ကို ခွင့်လွှတ်ပေးမယ်မလား... ဟမ်?"

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now