CH- 43

1.4K 156 8
                                    

အခန်း ၄၃ ကသိကအောက်

လေအေးများက တိုက်ခတ်လာပြီး နှင်းတွေကျလာသလို ကောင်းကင်ကလည်း မှောင်သွားခဲ့ပြီ။

လင်းယွိရှန့်က လမ်းပြနေသော အစေခံနောက်သို့ လိုက်လာကာ ထိုက်ဇီအိမ်တော်၏ ပင်မခန်းမဆောင်ဆီသို့ လျှောက်လာခဲ့သည်။ သူမ၏နှလုံးခုန်သံက ဗုံသံလို ကျယ်လောင်နေပြီး သူမခန္ဓာကိုယ်တွင် ဝတ်ထားသော ပန်းရောင်ဖျော့ဖျော့ အပေါ်ရုံအင်္ကျီကို တင်းတင်းကြပ်ကြပ်စေ့လိုက်သည်။ အိမ်တော်အပြင်ဘက်မှာ ရှိနေတုန်းက သူမ နှလုံးသားထဲတွင် သတ္တိအပြည့်ရှိနေသည်မှာ ထင်ရှားနေခဲ့သော်လည်း အိမ်တော်ထဲသို့ လှမ်းဝင်လိုက်သည်နှင့်တပြိုင်နက် သူမ၏ နှလုံးသားတစ်ခုလုံး လည်ချောင်းထဲအထိ ခုန်တက်နေပုံရသည်။

သို့သော် လင်းယွိရှန့်က မည်မျှပင် ကြောက်ရွံ့နေပါစေ သူမ မရှက်နိုင်တော့ပေ။ သူ ဒီအထိ ရောက်နေပြီဆိုမှတော့ အရာအားလုံးကို ထုတ်ဖော်ရမှာပါပဲ။ ထို့အပြင် အစ်ကိုတော်ထိုက်ဇီက သူမကို မတွေ့ချင်သော်လည်း နောက်ဆုံးတွင် သူမကို ခေါ်ဆောင်ရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည် မဟုတ်လော။

ဒါက ကောင်းမွန်တဲ့ စတင်ခြင်းတစ်ခု ဖြစ်သင့်သည်။

ဒါကိုတွေးပြီး သူမမျက်နှာမှာ ချိုမြိန်လွန်းတဲ့ အပြုံးတစ်ခု ပေါ်လာပြီး သူမက ခန်းမဆောင်ထဲကို ၀င်သွားခဲ့သည်။

ဟော်တူက အစိမ်းရင့်ရောင် ကြာပန်းနှင့် ခရမ်းရောင် စိန်ပုံစံများပါသော ပိုးထည်အင်္ကျီကို ၀တ်ဆင်ထားပြီး၊ အင်္ကျီလက်ဝများတွင် ရှု့ခင်းပုံများကို ပန်းထိုးထားသည်။ ခါးတွင် အင်္ကျီနှင့်အရောင်တူ ကျောက်စိမ်းခါးချိတ်ကို ချိတ်ထားသည်။

ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော မသေမျိုးတစ်ယောက်၏ ဖြူစင်အေးစက်သော အသွင်အပြင်က အေးစက်မှုနှင့် အလှမ်းကွာမှု ရောနှောနေသည့် အသွင်အပြင်ကို ဖော်ပြနေသည်။

လင်းယွိရှန့်က လေးလေးစားစားနဲ့ အရိုအသေပေးလိုက်ပြီး "ကျွန်မက လင်းယွိရှန့်ပါ၊ အရှင့်သားထိုက်ဇီကို ဂါရဝပြုပါတယ်"

ရန်သူ့အိမ်ရှေ့စံTahanan ng mga kuwento. Tumuklas ngayon