CH- 93

1.2K 136 4
                                    

အခန်း ၉၃ တူညီသောအဆုံးသတ်

"အဲ့ဒါက အေးလား?"

လဲ့ကျစ်က သူမခေါင်းကို တိတ်တဆိတ် ယမ်းလိုက်ပြီး ခဏအကြာတွင် သူ့ဘက်ကို လှည့်ကာ သူ့ကို ဖြည်းညှင်းစွာ ပွေ့ဖက်လိုက်သည်။ သူမ မျက်လုံးတွေကို သူ့ကို စိုက်ကြည့်ရင်း "ရှင့်ရဲ့မျက်လုံးကို မှိတ်ထား"ဟု တိုးတိုးလေး ပြောလိုက်သည်။

ဟော်တူက သူမကို တိတ်တဆိတ်ကြည့်ပြီးနောက် သူမပြောသည့်အတိုင်း မျက်လုံးမှိတ်လိုက်သည်။

နူးညံသိမ်မွေ့သောလရောင်က ပုံရိပ်နှစ်ခုလုံးပေါ်တွင် လင်းလက်နေသည်။

လဲ့ကျစ်က သူ့ကို လွတ်လိုက်ပြီး သူ့မျက်နှာကို ဖြည်းဖြည်းချင်း ကိုင်ကာ တင်းတင်းကျပ်ကျပ် နမ်းလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမကိုယ်တိုင် သူမစိတ်ကို လွှတ်ချလိုက်ပြီး သူ့ကို စိတ်နှလုံးအကြွင်းမဲ့ နမ်းလိုက်သည်။

ရောထွေးနေသော နှုတ်ခမ်းများနှင့် လျှာများကြားတွင် မည်သူ၏ အသက်ရှုသွင်းမှုကို ဖုံးအုပ်ထားသည်ကို မပြောနိုင်တော့ပေ။

သူတို့က နှင်းတွေကျတဲ့နေ့မှာ အတူတူ တွဲခိုနေတဲ့ တိရစ္ဆာန်လေးနှစ်ကောင်လိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် မရောထွေးနေဘူးဆိုရင် ကြမ်းတမ်းတဲ့ဆောင်းရာသီမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။

လူနှစ်ယောက်က အသက်ရှုမဝသည့်အထိတိုင်အောင် အချိန်မည်မျှကြာအောင် နမ်းနေကြမှန်း မသိပေမယ့်၊ နောက်ဆုံးတွင် တစ်ယောက်ကို တစ်ယောက် လွှတ်ပေးလိုက်ကြသည်။ လဲ့ကျစ်က သူမမျက်နှာကို သူ့လည်ပင်းတွင် နှစ်မြှုပ်ထားပြီး လောလောဆယ် သူ့အနွေးဓာတ်ကို ခံစားနေသည်။

မနက်ဖြန် ဘာပဲ ဖြစ်ခဲ့ပါစေ သူမက ဒီ အခိုက်အတန့်ကို ထိန်းထားချင်နေသည်။

ထို့ကြောင့် ဤအခိုက်အတန့်က အရေးကြီးဆုံးဖြစ်သည်။

"ကြယ်တွေကြည့်ဖို့ မှန်လုံအိမ်ကို သွားကြမလား"

ဟော်တူက သူမကို ပွေ့ချီပြီး ဖြည်းညှင်းစွာ "အန်"

မှန်လုံအိမ်တွင်၊ လေးရာသီလုံးက နွေဦးနှင့်တူသည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now